မက်ဆီ ဘာကာမှာသာ ဆက်ရှိနေမယ်လို့ ဂွါဒီယိုလာ ထင်မြင်

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများအနက် တစ်ဦးအပါအဝင်ဖြစ်သူ ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ၏ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေချိန်တွင် ၎င်း၏ဆရာဟောင်းဖြစ်သူ မန်စီးတီးနည်းပြဂွါဒီယို လာက မက်ဆီအနေဖြင့် နူးကမ့်အခြေစိုက်အသင်းတွင်သာ ဆက်ရှိနေမည်ဟု ထင်မြင်ကြောင်း ဖွင့်ဟလိုက်သည်။

အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီသည် ဘာစီလိုနာအသင်း၏ လတ်တလောအ ခြေအနေများနှင့်ပတ်သက်၍ နည်းပြသစ် ရော်နယ်ကိုးမန်းနှင့် ဆွေးနွေးခဲ့ပြီးနောက် အသင်းမှထွက်ခွာတော့မည်ဟု အသိပေးခဲ့ကြောင်း မီဒီယာများက ရေးသည်။

အတွင်းသတင်းများ၏အဆိုအရ ကိုးမန်းကလည်း ဘာစီလိုနာအသင်းတွင် အခွင့်ထူးခံအဖြစ်ရှိနေသော မက်ဆီကို အဆိုပါအခွင့်အာဏာမျိုး ထပ်ရတော့မည်မဟုတ်ဘဲ ပြီးဆုံးသွားပြီဟုပြောခဲ့သောကြောင့် မက်ဆီက စိတ်ဆိုးဒေါသ ထွက်ခဲ့ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်မှစတင်ကာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ကစားခဲ့သော မက်ဆီသည် ပြိုင်ပွဲစုံ ၆၃၄ ဂိုးသွင်း ကာ အသင်း၏ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်းသည် လာမည့်နွေရာသီတွင်မှကုန်ဆုံးမည့် လက်ရှိစာချုပ်ကိုဖျက်သိမ်းကာ အလွတ်ပြောင်းခွင့်ရရန် တောင်းဆို ထားပြီး မက်ဆီ အသင်းမှထွက်ခွာတော့မည့်အပေါ် ဘာစီလိုနာပရိသတ်များက စိတ်ဆိုးဒေါသထွက်ကာ နူးကမ့် ကွင်းပြင်ပတွင် စုဝေးဆန္ဒပြခဲ့သလို ဥက္ကဋ္ဌဘာတိုမြူ နုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။

မက်ဆီ၏စာချုပ်တွင် ၎င်းကိုခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ပေးရမည်ဟုပါရှိပြီး မန်စီး တီးအသင်းက အခြေအနေအား အနီးကပ်စောင့်ကြည့်နေကာ ကာယကံရှင်ကလည်း ဂွါဒီယိုလာနှင့် ပြန်လည် လက် တွဲခွင့်ရရေးအတွက် စာချုပ်ဖျက်သိမ်းပေးရေးကိုသာ အဓိကတောင်းဆိုနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

မက်ဆီနှင့်အတူ ဘာစီလိုနာတွင် ၄ နှစ်တာလက်တွဲကာ လာလီဂါ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်ရခဲ့သော ဂွါဒီယိုလာ က ထွက်ပေါ်နေသောသတင်းများနှင့်ပတ်သက်၍ “မက်ဆီက ဘာစီလိုနာကစားသမားဖြစ်ပြီး အဲဒီအသင်းမှာပဲ ရှိ နေပါသေးတယ်။

ကျွန်တော့်ဆန္ဒကလည်း သူ့ကို ဘာစီလိုနာမှာပဲ ဆက်ရှိစေချင်ပါတယ်။ တခြားအသင်းမှာ ကစား နေတဲ့ ကစားသမားတစ်ယောက်နဲ့ပတ်သက်ပြီး ကျွန်တော် စကားပြောမှာမဟုတ်ပါဘူး။ သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ဆန္ဒပါ” ဟု ပြောသည်။

Ref: Metro

Facebook Comments Box
Facebook Comment