မက်ဆီ ထွက်ခွာပါက သစ္စာရှိကြေး ယူရို ၃၃ သန်း ပေးရမည့် ဘာစီလိုနာ

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဘဏ္ဍာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသော ဘာစီလိုနာအတွက် ငွေကုန်ပေါက်တစ်ခု တိုးလာခဲ့ပြီး ယခုရာသီအကုန်တွင်သာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ အသင်းမှ ထွက်ခွာပါက သစ္စာရှိကြေး ပေါင် သန်း ၃၀(ယူရို ၃၃ သန်း) ပေးရမည်ဟု စပိန်သတင်းစာများက ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ၂၀၁၇ ခုနှစ်က ၄ နှစ် သက်တမ်းတိုးစာချုပ်ရာတွင် ဘာစီလိုနာဘက်က စာချုပ်သက်တမ်းပြည့်သည့် ၂၀၂၁ ခုနှစ်၊ နွေရာသီအထိ ကစားပါက သစ္စာရှိ အပိုဆုကြေး ပေါင် သန်း ၆၀(ယူ ရို ၆၆ သန်း)ပေးမည်ဟု ထည့်သွင်းချုပ်ဆိုခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဘာစီလိုနာသည် ၎င်းတို့၏ အသင်းခေါင်း ဆောင်ကို သစ္စာရှိကြေးတစ်ဝက်ဖြစ်သည့် ယူရို ၃၃ သန်းကို ပေးချေခဲ့ပြီး ဒုတိယတစ်ဝက်ကို စာချုပ်ပြည့်လျှင် ထပ်မံပေးချေရမည် ဖြစ်သည်။

ထို့ကြောင့် မက်ဆီသည် လာမည့် ဇန်နဝါရီတွင် အသင်းမပြောင်းဘဲ စာချုပ်ကုန်သည်အထိ ဆက်ကစားပါက သစ္စာရှိကြေး ယူရို ၃၃ သန်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

ဘာစီလိုနာသည် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဝင်ငွေလျော့နည်းကာ အ ခက်အခဲ ကြုံတွေ့နေရပြီး ကစားသမားများ၏ လစာကို လျှော့ချနိုင်ရေး ကြိုးစားနေရကာ တစ်ဦးလျှင် လစာ ၃၀ ရာခိုင်နှုန်း လျှော့ချရန် တောင်းဆိုထားသည်။

သို့သော်လည်း ကစားသမား အနည်းငယ်ကသာ လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူရန် သဘောတူခဲ့ပြီး ဘာစီလိုနာသည် ကစားသမားများ၊ ဝန်ထမ်းများ၏လစာကို ယူရို သန်း ၁၉၀ လျှော့ချရန် လိုအပ်နေသည်။

ဘာစီလိုနာ၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား မက်ဆီသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ၁၀ ပွဲကစားအပြီး ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားသည်။

Ref:Marca

Facebook Comments Box
Facebook Comment