မက်ဆီ၏ ဂိုးကို ခွင့်မပြုမှုအတွက် VAR ကို အာဂျင်တီးနားနည်းပြစကာလိုနီဝေဖန်

အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီသည် ပါရာဂွေးနှင့် သရေကျသည့်ပွဲတွင် အာဂျင်တီးနား၏အနိုင်ဂိုး ငြင်းပယ်ခြင်းခံရပြီးနောက် VAR အနေဖြင့် ပိုမို သမာသမတ်ရှိရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။

ဧည့်သည် ပါရာဂွေးသည် ပွဲချိန် ၂၁ မိနစ်တွင် အိန်ဂျယ်ရိုမီယို၏ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၄၁ မိနစ်တွင် နီကိုလပ်စ်ဂွန်ဇာလက်ဇ်က အာဂျင်တီးနားအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် လီယွန်နယ်မက်ဆီက အာဂျင်တီးနားအတွက် အနိုင်ဂိုးသွင်းယူခဲ့သော်လည်း VAR ဆုံးဖြတ်ချက်ဖြင့် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ဒိုင်လူကြီးသည် VAR စစ်ဆေးမှုအရ အာဂျင်တီးနားသည် မက်ဆီဂိုးသွင်းနိုင်ရေးအတွက် ကစားကွက်တည်ဆောက်ချိန်တွင် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့သည်ဟု ဆိုကာ ငြင်းပယ်ခဲ့သည်။

အာဂျင်တီးနားသည် ပါရာဂွေးနှင့်သရေကျမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲဆက်နိုင်ပွဲရမည့် အခွင့်အရေးလွဲချော်ခဲ့သည်။

စကာလိုနီက “VAR ပြဿနာကို အားလုံးစုစုစည်းစည်းနဲ့ တောင်းဆိုဖို့ လိုနေပြီလို့ ထင်ပါတယ်။ အဆိုး၊အကောင်းပြောနေတာမဟုတ်ပါဘူး။ မှတ်ကျောက်တင်ခံဖို့လိုနေတာ ပြောနေတာပါ”ဟု ပြောကြားသွားခဲ့သည်။

Facebook Comments Box
Facebook Comment