မက်ဆီ၊ စီရော်နယ်ဒိုတို့တောင် မလုပ်နိုင်တဲ့ ဟွန်ဒါ၏ အလှူဒါန

ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းသား ဂျပန်ဝါရင့်ကွင်းလယ်ကစားသမား ဟွန်ဒါသည် ကမ္ဘာ့အ ချမ်းသာဆုံး ဘောလုံးသမားများဖြစ်သော မက်ဆီ၊ စီရော်နယ်ဒိုတို့ပင် မလုပ်ဆောင်နိုင်သော အလှူဒါ နတစ်ခုကို စတင်ပြုလုပ်နေပြီဖြစ်သည်။ နာဂိုယာဂရမ်းပတ်စ်၊ ဗန်လို၊ စီအက်စ်ကေအေမော်စကို၊ အေ စီမီလန်၊ ပါချူကာ၊ မဲလ်ဘုန်းဗစ်ထရီ၊ ဗီတက်ဆီစသည့် ကလပ်များတွင်ကစားဖူးသော အသက် ၃၄ နှစ်အရွယ် ဟွန်ဒါသည် ယခုနှစ်အစပိုင်းတွင် ရီယိုဒီဂျနေးရိုးအခြေစိုက် ဘရာဇီးလ်စီးရီအေကလပ် ဘို တာဖိုဂိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အလူးအလဲခံနေရသော နိုင်ငံတစ်ခုဖြစ်ပြီး သမ္မတ ဘိုလ် ဆိုနာရိုကိုယ်တိုင်ပင် ရောဂါပိုးကူးစက်မှု ခံခဲ့ရသေးသည်။ သြဂုတ်လ ၁၅ ရက်အထိ ဘရာဇီးလ်နိုင်ငံ တွင် ရောဂါပိုးကူးစက်သူ ၃ ဒသမ ၂ သန်းကျော်ရှိကာ ၁၀၆၅၇၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ဘရာ ဇီးလ်ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်း လူမှုစီးပွားဘဝများ ပျက်စီးခဲ့ရာ က မ္ဘောဒီးယားလက်ရွေးစင်အသင်း၏ အထွေထွေမန်နေဂျာ ဟွန်ဒါက ၎င်းတတ်နိုင်သည့်ဘက်က လှူ ဒါန်းမှုတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် တစ်နေ့လျှင် လူတစ်ဦးရွေးချယ်ကာ ဘရာဇီးလ်ရီရယ် ၅၀၀(အမေရိကန်ဒေါ်လာ ၉၃ ဒေါ် လာနီးပါး)ကို နေ့စဉ်လှူဒါန်းသွားမည်ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံသားများ၏ အနိမ့်ဆုံးပျမ်းမျှလစာငွေ မှာ ရီရယ် ၁၀၄၅ ဖြစ်ပြီး အစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်း အလုပ်ဆုံးရှုံးခဲ့သော အခြေခံအလုပ်သမားလူတန်းစားများကို တစ်လလျှင် ရီရယ် ၆၀၀ ထောက်ပံ့လျက်ရှိသည်။ ဟွန်ဒါအ နေဖြင့် ၎င်း၏ တစ်နိုင်တစ်ပိုင်လှူဒါန်းမှုကို ယခုနှစ်ကုန်အထိ ရက်မပျက်လှူဒါန်းသွားမည်ဖြစ်ပြီး ၎င်း ၏လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုနေသူ အများအပြားရှိသည်။

ဟွန်ဒါက ၎င်း၏လုပ်ဆောင်မှုက ဘရာဇီးလ်ပြည်သူများအား အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ မျှော် လင့်ချက်များပေးအပ်ခြင်းနှင့် လူတိုင်းအတွက် တံခါးများဖွင့်လှစ်ပေးခြင်းဟု ဖွင့်ဟသည်။

Facebook Comments Box
Facebook Comment