“မက်ဆီရဲ့ တစ်သက်စာအိပ်မက်တွေကို ဒီတစ်ညနဲ့ ကြက်ခြေခတ်လို့မရဘူး”

✍️မောင်ရဲတိုက်

◾ အာဂျင်တီးနား Vs ခရိုအေးရှား 

🟦အာဂျင်တီးနား 

နယ်သာလန်နဲ့ပွဲတုန်းက အဝါကတ်တွေပလူပျံခဲ့တာကြောင့် ဒီညပွဲမှာ နောက်ခံလူနှစ်ဦး မွန်တီရယ်နဲ့ အကူနာတို့ ပွဲပယ်မိထားပါတယ်။ RBမှာကစားတဲ့ မွန်တီရယ်က ပထမပွဲထွက်ကစားသမားမဟုတ်လို့ ကိစ္စမရှိပေမယ့် LBနေရာက အကူနာကတော့ ပွဲတိုင်းအားထားနေရသူမို့ သူ့အစားဝင်ကစားမယ့် တဂလီယာဖီကိုရဲ့ လုပ်အားကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျန်တဲ့နေရာမှာတော့ ကစားသမားအားလုံး အသင့်ရှိနေတာမို့ နည်းပြစကာလိုနီ စိတ်ကြိုက်ကစားကွက်ကို ဖန်တီးရုံပါပဲ။ စိတ်ကြိုက်လို့ ပြောမိပေမယ့် ဒီလို ဆီမီးဖိုင်နယ်အဆင့်မှာတော့ မြေစမ်းခရမ်းပျိုးအကွက်တွေနဲ့ riskယူဖို့ထက် အလုပ်ဖြစ်နေကျ ကစားဟန်ကိုပဲ စကာလိုနီရွေးချယ်ပါလိမ့်မယ်။ မက်ဆီကို အထောင်တိုက်စစ်မှာထားပြီး ဒီမာရီယာ၊ အယ်ဗာရက်တို့နဲ့ဝန်းရံကာ ဒီပေါလ်၊အယ်လစ္စတာ၊ ဖာနန်ဒက်တို့ကို ကွင်းလယ်မှာအသုံးပြုရင်း ပုံမှန် (၄-၃-၃-) ကစားကွက်ကိုပဲ အသုံးပြုကြဖို့ ရှိပါလိမ့်မယ်။ အာဂျင်မှာ မက်ဆီကိုအဓိကအားကိုးနေရတာမို့ ကစားကွက်အခင်းအကျင်းဟာ မက်ဆီကို တည်ပြီးပဲဖြစ်ပေါ်လာမှာပါ။ မက်ဆီလုပ်ရကိုင်ရခက်နေရင် အဆင်ပြေမယ့် ကစားကွက်အပြောင်းအလဲကို ပြုလုပ်ဖို့ စကာလိုနီတွေဝေနေမှာမဟုတ်သလို မက်ဆီကလည်း သူ့ကိုသာယုံထားပေးရင် ရင်ကွဲအောင် ရုန်းပြလာမှာပါပဲ။ အစောပိုင်းကစားကွက်က အရေးမကြီးဘဲ ပွဲရဲ့အခြေအနေကိုကြည့်ပြီး အာဂျင်ကစားကွက် ပြောင်းလဲသွားတာမျိုးကို ရှုစားရနိုင်ပါတယ်။ 

🟥 ခရိုအေးရှား 

ဘရာဇီးကို ရပ်တန့်ခဲ့ပြီးနောက်မှာ ခရိုအေးရှားကို ရေမြွေလေးလို မြင်နေလို့မဖြစ်တော့ပါဘူး။ ဘရာဇီးဟာ အချိန်ပိုဒုတိယပိုင်းပြီးဖို့ ငါးမိနစ်အလိုမှာ တစ်ဖက်ဧရိယာထဲ ဘောလုံးကိုင်ဖို့ကြိုးစားရင်း မှားယွင်းခဲ့ရာကနေ ချေပဂိုးကို ခွင့်ပြုလိုက်ရတာပါ။ တကယ့်ကိုပဲ ငါးမိနစ်စာအမှားက နောက်လေးနှစ်လောက် ဆွေးဖို့ဖြစ်လာခဲ့ပါပြီ။ ခရိုအေးရှားဟာ တိုက်စစ်မှုးကောင်းကောင်းမရှိပေမယ့် သေးငယ်သောအမှားအယွင်းလေးကနေတောင် ရလဒ်ကို ပြောင်းလဲနိုင်စွမ်းရှိနေပါတယ်။ ပုံမှန်အားဖြင့် (၄-၃-၃)နဲ့ပဲ ပွဲထွက်လာလေ့ရှိပေမယ့် တိုက်စစ်မှာကစားနေတဲ့ ပါစာလစ်၊ ပါရီဆစ်တို့က ကွင်းလယ်ကို ဆင်းကူလေ့ရှိတာမို့ (၄-၅-၁)ပုံစံမျိုးဖြစ်သွားပြီး ကွင်းလယ်ဧရိယာတော်တော်များများကို coverယူနိုင်တာတွေ့ရပါတယ်။ ကိုဗာဆစ်၊ မိုဒရစ်တို့ကိုယ်တိုင်က 2 on 1, 3 on 1အခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်တတ်တာမို့ တိုက်စစ်နှစ်ယောက်ကပါ ဆင်းကူတာပေါင်းလိုက်ရင် ကွင်းလယ်လုပ်အားမှာ ခရိုအေးရှားက အာဂျင်ထက် နှာတစ်ဖျားသာနေမှာဖြစ်ပါတယ်။ အထူးသတိထားရမှာက ခရိုအေးရှားခံစစ်ဟာ ဘောလုံးလမ်းကြောင်းတွေ ဖြတ်တောက်တာကောင်းမွန်ပေမယ့် breakthrough တစ်ကိုယ်တော်ထိုးဖောက်မှုတွေကို ဟန့်တားရာမှာတော့ အားနည်း‌ပါတယ်။ ဘရာဇီးနဲ့ပွဲမှာ နေမာရဲ့တစ်ကိုယ်တော်ထိုးဖောက်မှုကို ဘာမှမတတ်နိုင်ခဲ့တာကြည့်ရင် နေမာထက် breakthrough ပိုကြမ်းတဲ့ မက်ဆီကို ပင်နယ်တီ၊ ဖောင်းဘောတွေမမိဘဲ ဟန့်တားဖို့ခက်ခဲနိုင်ပါတယ်။ ဆိုဆာ၊ ဂျုရန်နိုဗစ်တို့ရဲ့ ခံစစ်တောင်ပံတွေက ဒီမာရီယာ၊ အယ်ဗာရက်တို့ကို မက်ဆီနဲ့ကင်းကွာအောင် အကောင်းဆုံးပိတ်ဆို့နိုင်မလား စောင့်ကြည့်ရမှာပါ။ ဖိုင်နယ်နဲ့လက်တစ်ကမ်းအကွာမှာဘရာဇီးကို ရပ်တန့်ခဲ့ပြီးပြီမို့ အာဂျင်တီးနားကို ဒီလိုထပ်လုပ်နိုင်ဖို့လည်း ခရိုအေးရှားအသင်းသားတွေ ယုံကြည်မှုမြင့်မားနေမယ့်အချိန် ဖြစ်ပါတယ်။

📈 ကြေးဖွင့်လှစ်မှု 

ဒီပွဲရဲ့ မူလတည်ကြေးဟာ (၁+၇၀)မှာ စတင်ခဲ့ပေမယ့် ဒီမနက်မှာတော့ (၁+၈၅)အထိ ကျလာသလို ညနေဆိုရင် (၁+၉၀)အထိဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဂိုးပေါင်းကတော့ (၂+၁၀)ကနေ (၂-၂၀)ဆိုပြီး ပြောင်းလဲလာတာကို တွေ့မြင်ရပါတယ်။ မကွယ်ဝှက်တမ်းပြောရရင် ဒီကြေးပြောင်းတွေအပေါ် ကောက်ချက်ချပြီး ရိုက်ကွက်ရွေးထုတ်ရတာဟာ ကလပ်ပွဲတွေမှာတော့ အဆင်ပြေပေမယ့် ကမ္ဘာ့ဖလားရဲ့ ဒီလိုအဆင့်မျိုးမှာတော့ သိပ်အသုံးမဝင်လှပါဘူး။ ကြေးပြင်းလာလို့ အပေါ်သင်းနိုင်မယ်လို့ မပြောနိုင်သလို ကြေးကျလာလို့ သရေကျမယ်၊ အောက်သင်းစားမယ်ဆိုတာလည်း တစ်သမတ်တည်း ရှိမနေပါဘူး။ ဒါကြောင့် အချက်အလက်တစ်ခုအနေနဲ့ တင်ပြတယ်လို့ပဲ သဘောထားဖတ်ရှုစေလိုပါတယ်။ 

📝 သုံးသပ်ချက် 

ဆီမီးဖိုင်နယ်အဆင့်ထိရောက်နေမှတော့ အသင်းတိုင်းက ကိုယ်စီအားသာချက်တွေနဲ့ ရောက်ရှိလာတယ်ဆိုတာ ထင်ရှားနေပါပြီ။တစ်သင်းကိုရွေးချင်တာနဲ့ ကျန်တစ်သင်းကို ပုတ်ခတ်ရေးသားဖို့ မသင့်တော်ပါဘူး။ အာဂျင်တီးနားမှာ မက်ဆီရဲ့ နေဝင်ဆည်းဆာကို အတောက်ပဆုံးမြင်နေရသလို ခရိုအေးရှားမှာ မိုဒရစ်၊ ကိုဗာဆစ်တို့ရဲ့ ကွင်းလယ်လုပ်အားက ဘုန်းမီးနေလဖြစ်နေတာလည်းအားလုံးမျက်မြင်ပါပဲ။ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ အခြေခံပြီးရွေးရဖို့ရှိနေတာမို့ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ အာဂျင်တီးနားပါလို့ ဆိုခဲ့ရင် စိတ်မပျက်ကြဖို့ မျှော်လင့်ပါတယ်။သရေတွေ၊ ပင်နယ်တီတွေအထိ မရောက်ဘဲ မိနစ်ကိုးဆယ်အတွင်း အာဂျင်အနိုင်ရမယ်လို့ ယုံကြည်မိပါတယ်။

🎯 ရွေးချယ်မှု 

✅အာဂျင်တီးနား 

⚽ ခန့်မှန်းရလဒ် = (၂-၁)

Facebook Comments Box
Facebook Comment