မက်ဆီရဲ့အိမ်ကိုသွားပြီး နှုတ်ဆက်ခဲ့တဲ့ ဆွာရက်ဇ်

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် သေချာသလောက်ရှိနေသည့် ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ယမန်နေ့က အသင်းဖော် မက်ဆီ၏နေအိမ်သို့ သွားရောက်ခဲ့ရာ အီတလီသို့မပြောင်းမီ နောက်ဆုံးနှုတ်ဆက်သည့် သဘောဟု စပိန်မီဒီယာများက ဖော်ပြ သည်။

မက်ဆီနှင့် ဆွာရက်ဇ်သည် ဘာစီလိုနာအသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် ပထမနှင့် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အိမ်နီးနားချင်းများ ဖြစ်သလို ရင်းနှီး သည့် ဆက်ဆံရေးလည်း ရှိသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဘာစီလိုနာကို စွန့်ခွာမည်ဟု ပြောကြားခဲ့ရာ မန်စီးတီး၊ ပီအက်စ်ဂျီတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းကလည်း ဆွာရက်ဇ်ကို အသင်းပြောင်းရန် တယ်လီဖုန်း ဖြင့် အကြောင်းကြားခဲ့ရာ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု များ ရရှိထားပြီး ရက်ပိုင်းအတွင်း အီတလီသို့ ထွက်ခွာဖွယ်ရှိနေသည်။

မက်ဆီ၏ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သော ဂျော့မက်ဆီသည် ယမန်နေ့က သားဖြစ်သူ၏ အနာဂတ်အတွက် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးခဲ့ရာ ယခုရာသီတွင် ဘာစီလိုနာတွင် သာ ဆက်ကစားသွားမည်ဖြစ်ပြီး စာချုပ်ပြည့်မည့် ၂၀၂၁ နွေရာသီကျမှသာ အလွတ်ထွက်ခွာ မည်ဟု ပြောကြားထားသည်။

ဆွာရက်ဇ်သည် မက်ဆီ၏နေအိမ်သို့ သွားရောက်ရာတွင် ဇနီးသည် ဆိုဖီယာဘယ်ဘီနှင့်အတူ သွားရောက်ခဲ့ပြီး မိသားစုနှစ်ခု နွေးနွေးထွေးထွေး စကားပြောခဲ့သည်ဟု မီဒီယာများက ရေး သည်။

အသက် ၃၃ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် ဆွာရက်ဇ်ကို ဂျူဗင်တပ်စ်က ပြောင်းရွှေ့ကြေး ပေါင် ၄ ဒသမ ၄ သန်း၊ တစ်နှစ်လစာအဖြစ် ဆုကြေးမပါ ပေါင် ၉ သန်းဖြင့် ခေါ်ယူသွားမည်ဖြစ် သည်။

Ref:Marca

Facebook Comments Box
Facebook Comment