မက်ဆီပါဝင်သည့် ရာသီသစ် ဂျာစီကြော်ငြာကို ဘာကာ ဖော်ပြ

ဘာစီလိုနာအသင်းသည် အသင်းမှထွက်ခွာရန် ပြင်ဆင်နေသည့် ကပ္ပတိန် လီယွန်နယ်မက်ဆီ ပါဝင်သော ရာသီသစ် ဂျာစီကြော်ငြာကို ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြလိုက်သည်။

ဘာစီလိုနာအသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမား မက်ဆီသည် နူးကမ့်အခြေစိုက်အသင်းမှ ထွက်ခွာခွင့် ပေးရန် တောင်းဆိုထားပြီး အသင်းတာဝန်ရှိသူများက စာချုပ်ဖျက်သိမ်းကြေး ပေးမှသာ ထွက်ခွင့်ပြုမည်ဟု ကြေ ညာထားသည်။

မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ် ၁ နှစ် ကျန်သေးသော်လည်း ယခုနွေရာသီ အပြောင်းအရွှေ့တွင် အလွတ် ပြောင်းခွင့်ပေးရန် တောင်းဆိုလျက်ရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် မက်ဆီ၏ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သူ ဂျော့မက်ဆီသည် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ဘာစီလိုနာသို့ရောက်ရှိလာကာ အသင်း ဥက္ကဋ္ဌ ဘာတိုမြူအပါအဝင် ဘုတ်အဖွဲ့ဝင်များနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီကို မန်စီးတီးအသင်းက ခေါ်ယူရန်ကြိုးစားနေပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ က အဓိကအတားအဆီးအဖြစ် တည်ရှိနေသည်။

ဘာစီလိုနာသို့ ရောက်ရှိလာသော ဂျော့မက်ဆီကို လေဆိပ်အရောက်တွင် မီဒီယာများက မေးမြန်းရာ ၎င်းက မိမိအ နေဖြင့် ဘာမှမသိသေးကြောင်းသာ ဖြေကြားခဲ့သည်။

ဂျော့မက်ဆီနှင့် တွေ့ဆုံဆွေးနွေးမည့် ယနေ့ စက်တင်ဘာ ၂ ရက်ကို ဘာစီလို နာ အသင်းသမိုင်းတစ်လျှောက် အ ရေးအကြီးဆုံးနှင့် သမိုင်းဝင်နေ့တစ်နေ့ဟု စပိန်မီဒီယာများက တင်စားထားသည်။

ဂျော့မက်ဆီ စပိန်သို့ရောက်လာပြီး နာရီပိုင်းအကြာမှာပင် ဘာစီလိုနာအသင်းက ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် ၂၀၂၀-၂၀၂၁ ရာသီအတွက် ဝတ်ဆင်သွားမည့် အိမ်ကွင်းဂျာစီသစ်ကြော်ငြာကို ဖော်ပြခဲ့ရာ မက်ဆီ ပါဝင်လာ သည်ကို တွေ့ရသည်။

အဆိုပါကြော်ငြာဓာတ်ပုံတွင် ပီကေး၊ ဂရစ်ဇ်မန်း၊ ဖရန်ကီဒီဂျောင်အပါအဝင် ကစားသမား ၆ ဦးပါဝင်ပြီး မက်ဆီက ရှေ့တန်း ၃ ယောက်တန်း၏ အလယ်တွင် ပါဝင်နေသည်။

အဆိုပါ အိမ်ကွင်းဂျာစီ၏ဈေးနှုန်းမှာ ၅၉ ဒသမ ၉၉ ယူရိုမှ ၈၉ ဒသမ ၉၉ ယူရိုအ ထိရှိပြီး မက်ဆီကို ထည့်သွင်း ထားခြင်းက ၎င်းကို လက်လွှတ်ခံမည်မဟုတ်ဟု သတင်းစကား ပါးလိုခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော် ပြသည်။

Ref:fcbarcelona

Facebook Comments Box
Facebook Comment