မက်ဆီနှင့် ဘာကာတွင် ပြန်ဆုံရမည့် အခွင့်အရေးအပေါ် ဂွါဒီယိုလာ တုံ့ပြန်

မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာသည် တပည့်ဟောင်း လီယွန်နယ်မက်ဆီနှင့် အသင်း ဟောင်း ဘာစီလိုနာတွင် ပြန်လည်လက်တွဲခွင့် ရရှိနိုင်မည့် အခွင့်အရေးအပေါ် တုံ့ပြန် ပြောကြားလိုက်ပြီး မန်ချက်စတာ အခြေစိုက် ကလပ်တွင်သာ ပျော်ရွှင်နေသည်ဟု ဆိုသည်။

ဘာစီလိုနာ ဥက္ကဋ္ဌ တာဝန်မှ ဘာတိုမြူ နုတ်ထွက်သွားပြီးနောက် ဥက္ကဋ္ဌသစ် ဖြစ်လာနိုင်သူဟု ရေပန်းစားနေသော ဗစ်တာဖောင့်က ၎င်းသာ တာဝန်ထမ်းဆောင်ရပါက ဂွါဒီယိုလာကို ပြန်ခေါ်ပေးမည် ဖြစ်သလို အသင်းခေါင်းဆောင် မက်ဆီကိုလည်း နူးကမ့်တွင် ဆက်ရှိနေအောင် ကြိုးစားပေးမည်ဟု ပြောကြားထားသည်။

စပိန်လူမျိုး ဂွါဒီယိုလာသည် မန်တီးတီးနှင့် ၅ နှစ်တာ ဖြတ်သန်းလျက်ရှိပြီး ၎င်း၏ စာ ချုပ်သက်တမ်းက ယခုဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နှင့်အတူ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့သော ဂွါဒီယိုလာက မန်စီးတီးနှင့် စာချုပ်သက်တမ်း တိုးမည်ဟု ယတိပြတ် ပြောကြားထားခြင်း မရှိသေးပေ။

ထို့ကြောင့် ဗစ်တာဖောင့်က ဂွါဒီယိုလာကို ဘာစီလိုနာသို့ ပြန်လည်ခေါ်ယူကာ မက်ဆီနှင့် ပြန်ဆုံခွင့်ရရန် ဖန်တီးပေးသွားမည်ဟု မဲဆွယ်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗစ်တာဖောင့်၏ ပြောဆိုမှုအပေါ် ဂွါဒီယိုလာက “ကျွန်တော် ဒီမှာ တကယ်ကို ပျော်ရွှင်နေပါတယ်။ မန်ချက်စတာသားတစ်ယောက် ဖြစ်ရတာ ဝမ်းမြောက်မိသလို အချိန်ကြာကြာဆက်နေပြီး ဒီရာသီမှာလည်း အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

၎င်းက စနေည ရှက်ဖီးယူနိုက်တက်နှင့် ကစားမည့် အဝေးကွင်းပွဲတွင် အဂွဲရိုးနှင့် မန်ဒီ တို့ မပါဝင်နိုင်သော်လည်း ဂျီးဆပ်စ်နှင့် နသန်အကီ အပါအဝင် ကစားသမားအချို့ကြံ့ ခိုင်မှု ပြန်ကောင်းကာ လေ့ကျင့်နေပြီဖြစ်၍ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောသည်။

Ref:goal

Facebook Comments Box
Facebook Comment