မက်ဆီနှင့်သက်တမ်းတိုးရန် ဆွေးနွေးနေဟု ပီအက်စ်ဂျီအတည်ပြု

ပီအက်စ်ဂျီအသင်း၏ အကြံပေးဖြစ်သူ လူးဝစ်ကမ်ပို့စ်က တိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် သက်တမ်းတိုးရန် ဆွေးနွေးနေသည်ဟု အတည်ပြုလိုက်သည်။

တူးလော့စ်နှင့်ပွဲတွင် အနိုင်ဂိုးသွင်းခဲ့သော မက်ဆီသည် ပီအက်စ်ဂျီနှင့် ယခုရာသီအကုန် စာချုပ်ပြည့်မည်ဖြစ်ပြီး နောက်တနှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိသည်။

သို့သော်လည်း ၃၅ နှစ်အရွယ် ရွှေဘောလုံးဆု ၇ ခုပိုင်ရှင်ကို အသင်းဟောင်း ဘာစီလိုနာက ခေါ်ယူချင်နေသလို ဆော်ဒီလိဂ်မှ စံချိန်တင်လစာဖြင့်ခေါ်ယူမည်ဆိုသောသတင်းများလည်း ထွက်ပေါ်နေသည်။

ကမ်ပို့စ်က အကယ်၍ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံကသာ အသင်းနှင့် သက်တမ်းတိုးမည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်မိမည်ဟု ဆိုသည်။

“ကျွန်တော်တို့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဒါကို မဖုံးကွယ်ချင်ပါဘူး။

ကျွန်တော်က မက်ဆီ့ကို အသင်းရဲ့စီမံကိန်းတွေထဲ ရှိနေစေချင်တယ်။ တကယ်လို့ သူကသာ လက်ခံမယ်ဆိုရင် ဝမ်းသာမိမှာပဲ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ရည်မှန်းချက်ရောက်ဖို့ ကြိုးစားနေတုန်းပါပဲ။ မက်ဆီကို ကျွန်တော်တို့နဲ့အတူ ဆက်ရှိစေချင်ပါတယ်” ဟု ကမ်ပို့စ်က ဖွင့်ဟသည်။

Ref:rfi

Facebook Comments Box
Facebook Comment