မက်ဆီထွက်ရင် ဒီဘာလာနဲ့ အစားထိုးမယ့် ဘာစီလိုနာ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဆိုးရွားသောရလဒ်များ၊ အသင်းဘုတ်အဖွဲ့ဝင်များနှင့် ဆက်ဆံရေးမပြေလည်မှုများကြောင့် နူးကမ့်အခြေစိုက်အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်း များထွက်ပေါ်လျက်ရှိပြီး အကယ်၍ ၎င်းသာထွက်ခွာသွားပါက ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ် တိုက်စစ်မှူး ပေါ်လိုဒီဘာလာနှင့်အစားထိုးရန် ပြင်ဆင်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport ကိုကိုးကား၍ ဗြိတိန်သတင်းစာ ဒေးလီးမေးလ်က ရေးသားသည်။

အီတလီတွင် ထွက်ပေါ်နေသော သတင်းများအရ ယခုနွေရာသီအပြောင်းအရွှေ့တွင် မက်ဆီသာ ထွက်ခွာသွားပါက ဘာစီလိုနာသည် မက်ဆီနှင့် အာဂျင်တီးနားလက်ရွေးစင်ကစားဖော် ဒီဘာလာနှင့် အစားထိုးသွားမည်ဖြစ်သည်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာသည် နည်းပြဆက်တီယန်ကိုထုတ်ပယ်ကာ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းနှင့် အစားထိုးခဲ့သည်။ ဘာစီလိုနာတစ်သင်းတည်းတွင်သာ သစ္စာရှိရှိကစားလျက်ရှိသော မက်ဆီသည် ပြီးဆုံးခဲ့သည့်ရာ သီတွင် ဆုဖလားလက်မဲ့ဖြစ်ခဲ့ခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။ ၎င်းသည် သြဂုတ် ၂၀ ရက်က နွေရာသီအားလပ်ရက်ခရီးစဉ်ကို ဖျက်သိမ်းကာ နည်းပြသစ်ကိုးမန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူလက်အောက်တွင် မပျော်မရွှင်ဖြစ်နေရာ အသင်းပြောင်းဖွယ်ရှိနေသည်။

၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလာသည် ယမန်နှစ်က မန်ယူ၊ စပါးတို့၏ စိတ် ဝင်စား ခြင်း ခံခဲ့ရသော်လည်း ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ ၎င်းသည် စာချုပ်သစ်အရ အခွန်နုတ်ပြီး တစ်နှစ် ပေါင် ၁၃ ဒသမ ၅ သန်း(တစ်ပတ် ပေါင် ၂၆၀၀၀၀)ရနေရာ စီရော်နယ်ဒို၊ ဒီလစ်၊ ဟီဂွါရင်တို့ပြီဒလျှင် ဂျူဗင်တပ်စ်၏ စတုတ္ထမြောက် လစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

Ref: dailymail

Facebook Comments Box
Facebook Comment