မက်ဆီကိုရဖို့ ဘာမဆို ပေးမယ့် မန်စီးတီး

မန်စီးတီးအသင်းသည် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကိုခေါ်ယူရန် စိတ်အားထက်သန် လျက်ရှိပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားကို ရရှိနိုင်ရေးအတွက် ဘာမဆိုဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီ လိုနာအသင်းခေါင်းဆောင်မက်ဆီသည် နူးကမ့်အခြေစိုက်အသင်းအား စွန့်ခွာရန်စီစဉ်နေသည်ဟု သ တင်းများထွက်ပေါ်နေပြီး ဆရာဟောင်းဖြစ်သူ ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲရန် စိတ်အားထက်သန် နေသည်ဟု နီးစပ်သူများက ဆိုသည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားသည့်ပွဲတွင် ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်း ကြမ်းပြင်ကို စိတ်ပျက်လက်ပျက်ကြည့်ရှုနေသော မက်ဆီ၏ဓာတ်ပုံ ထွက်ပေါ် လာပြီးနောက် ၎င်း၏အနာဂတ်လှုပ်ခတ်လာခဲ့ခြင်းဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီနှင့် ဘာစီလိုနာတို့ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်တော့ပြီး ဘာစီလိုနာကစားသမားဘဝတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲနှင့်ပါ ကြုံခဲ့ရသောကြောင့် အသင်းပြောင်းရွှေ့ရေးက ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

မက်ဆီသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ၃၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂၆ ကြိမ်ပြုလုပ်နိုင်ခဲ့သော်လည်း လာလီဂါတွင် အဆင့် ၂၊ ချန်ပီယံလိဂ်နှင့် စပိန် ဘုရင့်ဖလားတွင် ကွာတားဖိုင်နယ်၊ စပိန်စူပါဖလားတွင် ဆီမီးဖိုင်နယ်နှင့်သာ ကျေနပ်ခဲ့ရပြီး ဖလား လက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရသည်။

မန်စီးတီးနည်းပြဂွါဒီယိုလာမှာ မက်ဆီ၏ဆရာဟုဆိုနိုင်ပြီး ဘာစီလိုနာအသင်းတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ဖူးသည်။ မန်စီးတီးသည် မက်ဆီသာ ဘာစီလိုနာကိုစွန့်ခွာရန်ဆုံးဖြတ်ခဲ့ပါက အစ်တီဟတ်သို့ ရောက်ရှိလာရေးအတွက် ဘာမဆိုဖြည့်ဆည်းပေးသွားရန် ပြင်ဆင်ထားသည်။

ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်း ထိပ်ပိုင်းတာဝန်ရှိသူများနှင့် အချေအတင်ဖြစ်ခဲ့ သော မက်ဆီကိုခေါ်ယူရန် အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေသည်။

မန်စီးတီးသည် လွန် ခဲ့သည့်နှစ်ပိုင်းအတွင်းကလည်း မက်ဆီကိုခေါ်ယူရန် ချက်လက်မှတ်အလွတ်ပင် ပေးထားခဲ့ပြီး နောက် ပိုင်းကျမှသာ ကာယကံရှင်က စိတ်ပြောင်းကာ ငယ်မွေးခြံပေါက်ကလပ်နှင့် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့သည်။

Facebook Comments Box
Facebook Comment