
မက်စတဲလားမှာ ဗလန်စီယာကို ချေမှုန်းမယ့် ရီးရဲလ်
လာလီဂါ ပွဲစဉ် ၉ ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး Vs ဗီလာရီးရဲလ်
ည ရး၃၀ နာရီ(အယ်ဖွန်ဆိုပီရက်ဇ်)
ဂီတာဖေးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၉-၇-၂၀၂၀ ဂီတာဖေး ၁-၃ ဗီလာရီးရဲလ်
၁၈-၅-၂၀၁၉ ဂီတာဖေး ၂-၂ ဗီလာရီးရဲလ်
၂၄-၉-၂၀၁၇ ဂီတာဖေး ၄-၀ ဗီလာရီးရဲလ်
ဂီတာဖေးက လာလီဂါ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားတယ်။
ဗီလာရီးရဲလ်ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရလဒ်ကောင်းနေပြီး ၄ ပွဲနိုင်၊ ၁ ပွဲသရေကစားကာ လာလီဂါမှာလည်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ဗီလာရီးရဲလ်ရဲ့=၂၀ ဖွင့်လှစ်မှုက ပျော့နေလို့ အိမ်ကွင်းဆို ဒုက္ခပေးတတ်တဲ့ ဂီတာဖေးနဲ့ စွန့်စားမယ်။
ခန့်မှန်းရလဒ် – ဂီတာဖေး ၂-၁ ဗီလာရီးရဲလ်

ဆိုစီဒက် Vs ဂရန်နာဒါ
ည ၉း၄၅ နာရီ(ရီးရဲလ်လီအရီနာ)
ဆိုစီဒက်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၁-၇-၂၀၂၀ ဆိုစီဒက် ၂-၃ ဂရန်နာဒါ
၂၉-၄-၂၀၁၇ ဆိုစီဒက် ၂-၁ ဂရန်နာဒါ
၁၄-၂-၂၀၁၆ ဆိုစီဒက် ၃-၀ ဂရန်နာဒါ
ရလဒ်ကောင်းနေတဲ့ အသင်း ၂ သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပြီး ဆိုစီဒက်က နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲရှုံးထားသလို ဂရန်နာဒါကလည်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။
ဆိုစီဒက်ရဲ့အားသာချက်က ခံစစ်ပိုင်း တောင့်တင်းတာဖြစ်ပြီး လက်ရှိအချိန်အထိ လာလီဂါမှာ ၄ ဂိုးသာ ပေးထားရပြီး အက်သလက်တီကိုပြီးရင် ဒုတိယ ခံစစ်အကောင်းဆုံး အသင်းပါ။
အဆင့် ၂ နေရာက ဆိုစီဒက်က ခြေစွမ်းချင်း သိပ်မကွာတဲ့ အဆင့် ၅ က ဂရန်နာဒါကို ၁-၂၅ အထိ ခပ်ပြင်းပြင်း ဖွင့်လှစ်ထားလို့ အိမ်ရှင်နဲ့ စွန့်စားမယ်။
ခန့်မှန်းရလဒ် – ဆိုစီဒက် ၃-၁ ဂရန်နာဒါ

လီဗန်တေး Vs အလာဗက်စ်
ည ၁၂း၀၀ နာရီ(ဆီယူဒက်ဒီဗလန်စီယာ)
လီဗန်တေးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၈-၁-၂၀၂၀ လီဗန်တေး ဝ-၁ အလာဗက်စ်
၃၀-၉-၂၀၁၈ လီဗန်တေး ၂-၁ အလာဗက်စ်
၃၀-၉-၂၀၁၇ လီဗန်တေး ဝ-၂ အလာဗက်စ်
အဆင့် ၁၉ နေရာက လီဗန်တေးဟာ နိုင်ပွဲ ၁ ပွဲသာရထားပြီး တိုက်စစ်က ပျမ်းမျှ တစ်ပွဲ ၁ ဂိုးနှုန်းသာ သွင်းယူနိုင်သလို ခံစစ်ကတော့ တစ်ပွဲ ၂ ဂိုးနှုန်းနီးပါး ပေးထားရတယ်။
အလာဗက်စ်ကတော့ အဆင့် ၁၆ မှာ ရပ်တည်နေရပေမယ့်လည်း လာလီဂါ နောက်ဆုံး ၄ ပွဲမှာ ၇ မှတ်အထိ ရယူထားသလို လက်ရှိအနေအထားမှာတော့ လီဗန်တေးထက် ပိုကောင်းတာ အမှန်ပါပဲ။
သရေကျရင် ၇၀ ပျော်ခွင့်ရမယ့် ဧည့်သည် အလာဗက်စ်ကို ကြိုက်တယ်။
ခန့်မှန်းရလဒ် – လီဗန်တေး ၁-၁ အလာဗက်စ်

ဗယ်လာဒိုလစ် Vs ဘီလ်ဘာအို
ည ၁၂း၀၀နာရီ(ဟိုဆေးဇော်ရီလာ)
ဗယ်လာဒိုလစ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၈-၁၀-၂၀၂၀ ဗယ်လာဒိုလစ် ၂-၂ ဘီလ်ဘာအို
၈-၃-၂၀၂၀ ဗယ်လာဒိုလစ် ၁-၄ ဘီလ်ဘာအို
၅-၅-၂၀၁၉ ဗယ်လာဒိုလစ် ၁-၀ ဘီလ်ဘာအို
အမှတ်ပေးဇယား အောက်ဆုံးက ဗယ်လာဒိုလစ်ဟာ ဟူစကာနဲ့အတူ ဒီရာသီ လာလီဂါမှာ နိုင်ပွဲ လုံးဝမရသေးတဲ့ ဒုတိယမြောက် ကလပ်ဖြစ်ပြီး ခံ စစ်ကလည်း ညံ့ဖျင်းပါတယ်။
အဆင့် ၁၃ နေရာက ဘီလ်ဘာအိုကတော့ လာလီဂါ နောက်ဆုံး ၃ ပွဲမှာ ၆ မှတ်ရထားလို့ စိတ်အားတက်ကြွနေပါတယ်။
ဒါပေမဲ့လည်း ဗယ်လာဒိုလစ်လို အသင်းကို ဘီလ်ဘာအိုက =၅၀ သာ အကျောပေးထားတာက မူမမှန်လို့ အိမ်ရှင်ကို ရွေးမယ်။
ခန့်မှန်းရလဒ် – ဗယ်လာဒိုလစ် ၁-၁ ဘီလ်ဘာအို

ဗလန်စီယာ Vs ရီးရဲလ်မက်ဒရစ်
ည ၂း၃၀ နာရီ(မက်စတဲလား)
ဗလန်စီယာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၉-၁-၂၀၂၀ ဗလန်စီယာ ၁-၃ ရီးရဲလ်
၁၆-၁၂-၂၀၁၉ ဗလန်စီယာ ၁-၁ ရီးရဲလ်
၄-၄-၂၀၁၉ ဗလန်စီယာ ၂-၁ ရီးရဲလ်
ဗလန်စီယာရဲ့ဒီရာသီခြေစွမ်းက ဆိုးရွားလွန်းနေပြီး ၈ ပွဲကစား ၈ မှတ်သာရကာ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နေပါတယ်။
ချန်ပီယံ ရီးရဲလ်ကတော့ ပုံစံကောင်း ပြန်ရလာပြီး နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားကာ ရှုံးပွဲမရှိသေးပါဘူး။
ရီးရဲလ်ဟာ မက်စတဲလားမှာ ကစားတိုင်း ရုန်းကန်ရလေ့ရှိပေမယ့်လည်း ဒီ တစ်ခါမှာတော့ ၁-၄၀ အထိ ခပ်ပြင်းပြင်း အကျောပေးထားပါတယ်။
ရီးရဲလ်နဲ့ပဲ စွန့်စားမယ်။
ခန့်မှန်းရလဒ် – ဗလန်စီယာ ၁-၃ ရီးရဲလ်