မက်ဂွိုင်းယားကို အနားပေးရန် ဆိုးလ်ရှားကို ရီယိုဖာဒီနန် တိုက်တွန်း

ရီယိုဖာဒီနန်က ဟယ်ရီမက်ဂွိုင်းယားကို ဖိအား လျှော့ကျသွားစေရန်အတွက် အနားပေးရန် အိုလီဂန်းနားဆိုးလ်ရှားကို တိုက်တွန်းပြောကြားလိုက်သည်။ ဖာဒီနန်က မက်ဂွိုင်းယားမှာ ဒိန်းမတ်နှင့်ပွဲစဉ်မှ အနီကတ်၊ နွေရာသီ ဂရိ အပန်းဖြေခရီးစဉ်မှ ဖြစ်ရပ်တို့ကြောင့် အနားပေးရန် လိုအပ်နေကြောင်း ယုံကြည်နေသည်။ ထို့အပြင် မက်ဂွိုင်းယားသည် စပါးစ်ကို ၆-၁ ဂိုးဖြင့် ရှုံးနိမ့်သည်ပွဲ တွင်လည်း အကောင်းဆုံးပုံစံမရရှိမှုကြောင့် ဝေဖန်ခြင်းခံခဲ့ရသည်။

အသက် ၄၁ နှစ်ရှိ မန်ယူနှင့် အင်္ဂလန်ဂန္ထဝင်နောက်ခံလူက “သူဟာ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်နေရပါတယ်။ ခြေစွမ်းကျဆင်းမှုနဲ့ ယုံကြည်မှု ကျဆင်းမှုအတွက် ခုခံအားဆိုတာ မရှိပါဘူး။ ကောင်းကောင်း ကစားချင်ရင် ယုံကြည်မှု ရှိကို ရှိနေဖို့ လိုအပ်ပါတယ်။ သူ့မှာ ယုံကြည်မှု နည်းပါးနေပါတယ်။ သူ့ ခြေစွမ်းကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖိအားတွေနဲ့ ဝေးရာမှာ နေဖို့ လိုပါတယ်။ တစ်ခါတစ်လေ တစ်ပွဲလောက် အနားပေးလိုက်ရုံနဲ့ အကူအညီများစွာ ရပါတယ်”ဟု ပြောကြားသွားသည်။

ယူနိုက်တက်သည် စနေနေ့တွင် နယူးကာဆယ်နှင့် ပရီးမီးယားလိဂ်ပွဲ ကစားရမည် ဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပီအက်စ်ဂျီနှင့် ချန်ပီယံလိ်ဂပွဲ ကစားရမည် ဖြစ်သည်။ ၎င်းတို့သည် လာမည့်အပတ်တွင် ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်၌ ဧည့်ခံကစားရဦးမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment