ဘေးလ်လျှောက်လှမ်းခဲ့သည့် ကြမ်းပြင်ကို ရီးရဲလ်မက်ဒရစ် အနမ်းပေးသင့်

ဂါရတ်ဘေးလ်၏အေးဂျင့်က ရီးရဲလ်မက်ဒရစ်သည် ကလပ်အား အောင်မြင်မှု များစွာ ရယူပေးခဲ့သည့် ဘေးလ်ကို မလေးမစား ဆက်ဆံခဲ့ကြောင်းနှင့် ဝေးလ်စတား လျှောက်လှမ်းခဲ့သည့် ကြမ်းပြင်ကို အနမ်းသင့်ပေးကာ ဂုဏ်ပြုသင့်ကြောင်း ‌ဝေဖန်ပြောကြားလိုက်သည်။

ဘေးလ်သည် ပြီးခဲ့သည့်အပတ်တုန်းက ရီးရဲလ်မက်ဒရစ်မှ စပါးစ်သို့ အငှားဖြင့် ပြန်လည်ပြောင်းခဲ့သူ ဖြစ်သည်။

အသက် ၃၁ နှစ်ရှိ ဘေးလ်သည် ၂၀၁၃ ခုနှစ်တွင် စပါးစ်မှ ရောက်လာပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သော်လည်း ပြီးခဲ့သည့် ရာသီတုန်းက ဇီဒန်းလက်အောက်တွင် နေရာရရှိရန် ရုန်းကန်ခဲ့ရသည်။

ယခုအခါ အေးဂျင့် ဂျိုနသန်ဘားနက်က ဘေးလ်မှာ မက်ဒရစ် မလေးအစား ဆက်ဆံခြင်း ခံခဲ့ရကြောင်းနှင့် ပုဂ္ဂိုလ်ရေး အားပြိုင်မှုကြောင့် ထွက်ခွာခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဘားနက်က “ပုဂ္ဂိုလ်ရေး တိုက်ပွဲ ဖြစ်အောင် လုပ်တယ်။ အားပေးမှု မရှိအောင် လုပ်တယ်။ ကွဲပြားတာတွေ အများကြီးပါ။ မက်ဒရစ်မှာ သူ လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် သူရသင့်တဲ့ လေးစားမှု မရခဲ့ပါဘူး။ ဒါက တကယ့်ပြဿနာအကြီးကြီးပါ။ ၇ နှစ်တာကာလအတွင်းမှာ လူတိုင်းက ဂါရတ်ဘေးလ် စပိန်စကားမပြောဘူးလို့ ပြောကြတယ်။ ဂရတ်ဘေးလ် စပိန်စကားပြောပါတယ်။ လူတိုင်းက ဂါရတ်ဘေးလ် ဘောလုံးကို ဂရုမစိုက်ဘူးလို့ ပြောတယ်။ ဂါရတ်ဘေးလ်က ဘောလုံးကို ချစ်သူပါ။ သူက ဘောလုံးနဲ့ ဘယ်တုန်းကမှ မကင်းကွာပါဘူး။ သူဟာ အခြားအရာတွေနဲ့ပတ်သက်ပြီးတော့လည်း အဆင်ပြေမပြေခဲ့တာတွေလည်း ရှိခဲ့မှာပါ။ ဒါပေမယ့် သူ ဘောလုံးမကစားရဘူး။ စပါးစ်မှာ လူတွေ ဒါတွေနဲ့ပတ်သက်ပြီး ပြောတာ အဆုံးသတ်သွားဖို့ အရေးမပါတာတွေ ပြောတာ ရပ်ဖို့ မျှော်လင့်နေပါတယ်။ စပိန်အနေနဲ့ သူ့အတွက် ဂုဏ်ယူသင့်ပါတယ်။(ဘေးလ် အကြောင်း မကောင်းရေးတာရပ်သင့်) ဗြိတိန်လည်း သူ့အတွက် အရမ်းဂုဏ်ယူသင့်ပါတယ်။ သူ့ကို ပုတ်ခတ်တာတွေ ရပ်ပါတော့တယ်။ သူ  ဘာလုပ်ခဲ့တယ်၊ သူဘယ်လိုအောင်မြင်မှုတွေ ရခဲ့တယ်ဆိုတာကိုဘဲ ရေးသင့်ပါတယ်။ အရမ်းစိတ်ပျက်ရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း အတူတူပါပဲ။ သူတို့အတွက် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူသင့်ပါတယ်။ သူတို့အနေနဲ့ သူ လျှောက်ခဲ့တဲ့ ကြမ်းပြင်ကို နမ်းတောင် နမ်းသင့်ပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment