ဘောလုံးသမိုင်းတစ်လျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ဖြစ်လာသည့် ရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ယမန်နေ့ညက အန်ဒိုရာအား ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီး နိုင်ငံတ ကာသွင်းဂိုး ၁၀၂ ဂိုးအထိ ရှိလာပြီဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် ပွဲထွက်လူစာရင်းတွင် မပါဝင်ခဲ့ဘဲ ဒုတိယပိုင်းအစတွင် ပက်ဒရိုနီတိုအစား လူစားဝင်ကစားခွင့် ရရှိခဲ့သည်။

ထို့နောက် ပွဲပြီးရန် ၅ မိနစ်အလိုတွင် ခေါင်းတိုက်ကာ ပေါ်တူဂီအသင်းအတွက် ၆ ဂိုးမြောက် ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ထိုဂိုးက ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် ၇၄၆ ဂိုးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရော်နယ်ဒိုသည် စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး၊ မန်ချက်စတာ ယူနိုက်တက်အတွက် ၁၁၈ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်စ်အတွက် ၇၁ ဂိုး၊ ပေါ်တူဂီအသင်းအတွက် ၁၀၂ ဂိုး သွင်းယူထားသည်။

ထို့ကြောင့် ၎င်းသည် ဟန်ဂေရီနှင့် ရီးရဲလ်မက်ဒရစ် ဂန္ထဝင်တိုက်စစ်မှူး ဖရန့်ပွတ်စ်ကပ်စ်၏ စံချိန်ကို လိုက်မီကာ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်သော စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးသမိုင်း၏ ဂိုးအများဆုံး သွင်းထားသူမှာ သြစတြီးယား၊ ချက်၊ ဆလားဗီးယားပရာဟာ တိုက်စစ်မှူး ယိုဆက်ဖ်ဘီကန်ဖြစ်ပြီး ၈၀၅ ဂိုးသွင်းထားကာ ၎င်း၏နောက် ဘရာဇီးလ် တိုက်စစ်မှူးများဖြစ်သော ရိုမာရီယိုက ၇၇၂ ဂိုး၊ ပီလီက ၇၆၇ ဂိုး သွင်းထားသည်။

ရော်နယ်ဒိုသည် နိုင်ငံတကာ သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသော အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ၏ ၁၀၉ ဂိုး စံချိန်ကို လိုက်မီရန်အတွက် ၇ ဂိုးသာ လိုတော့သည်။

Ref:Marca

Facebook Comments Box
Facebook Comment