ဘီရဲလ်ဆာနှင့် ဂွါဒိယိုလာတို့ရဲ့နည်းဗျူဟာပိုင်း စီးချင်းထိုးမယ့် ပွဲ

ကစားမယ့်ရက် – ၃-၁၀-၂၀၂၀

ကစားမည့်အချိန် – ည ၁၁ : ၀၀

ကစားမည့်ကွင်း – အယ်လင်ရိုးကွင်း

ဒိုင်လူကြီး – မိုက်ဒိန်း

ယနေ့ည အနောက်ယော့ခ်ရှိုင်းယားမှာ လိဒ်ယူနိုက်တက်နှင့် မန်စီးတီးတို့ ထိပ်တိုက် တွေ့ကြမယ့်ပွဲကတော့ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ပရိသတ်တွေအတွက် ဖျော်ဖြေမှု အပြည့်ပေးလာမယ့်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

လိဒ်ရဲ့ လက်ရှိ အနေအထား

ဘီရဲလ်ဆာဦးဆောင်နေတဲ့ လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ချန်ပီယံ လီဗာပူးကို ၄-၃ ဂိုးဖြင့် ကပ်ရှုံးရှုံးခဲ့ပြီးနောက် ဖူလ်ဟမ်ကို ၄-၃ ၊ ရှက်ဖီးလ်ယူနိုက်တက်ကို ၁-၀ ဂိုးတို့နဲ့ အနိုင်ရရှိပြီး နောက်ဆုံး ပရီးမီးယား လိဂ်နှစ်ပွဲဆက် အနိုင်ရရှိထားပါတယ်။

လိဒ်ရဲ့ ကိုးပါး၊ ကော့ခ်တို့ ဦးဆောင်တဲ့ ခံစစ်က အားနည်းချက်တွေ ရှိတယ်ဆိုပေမယ့် အသစ်ခေါ်ယူထားတဲ့ လိုရန်တီ ပါဝင်လာနိုင်တာကြောင့် ခံစစ်ပိုင်း တောင့်တင်းလာဖို့ ရှိနေပါတယ်။ ကော့စတာ၊ ရိုဒရီဂို၊ ဖီးလစ်၊ ကလစ်ချ်နှင့် အလွိုင်းစကီးတို့ ဦးဆောင်တဲ့ ကွင်းလယ်က အချိတ်အဆက်မိမိကစားနိုင်ပြီး ဖန်တီးမှုပိုင်း အားကောင်းသလို လိုအပ်ရင် လိုအပ်သလို ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ လိဒ်ဟာ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ထိထိရောက်ရောက် ဖိအားပေးနိုင်သလို တိုက်စစ်မှူး ဘမ်းဖို့ဒ် အကောင်းဆုံးပုံစံ ရရှိကာ ပရီးမီးယားလိဂ် သုံးပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။

မန်စီးတီးရဲ့ လက်ရှိအနေအထား

မန်စီးတီးက လက်စတာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ခြေစွမ်းပိုင်းမှာ ရှုံးခဲ့တာ မဟုတ်ပါဘူး။ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ဂိုးတွေ ပေးခဲ့ရတာပါ။ အထူးသဖြင့် မန်စီးတီးခံစစ်ဟာ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ထိပ်တိုက်တွေ့ရင် ရုန်းကန်ရတာတွေ့ရပြီး လိဒ်နဲ့ပွဲမှာလည်း ရုန်းကန်ရဖို့ ရှိနေပါသေးတယ်။ မန်စီးတီးအတွက် နောက်ထပ် ပြဿနာတစ်ခုက တိုက်စစ်ပိုင်း ပြဿနာပါ။ မန်စီးတီးဟာ အဓိကတိုက်စစ်မှူးများဖြစ်ကြတဲ့ ဂျီးဆပ်စ်နဲ့ အဂူရိုတို့ ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ဂိုးရဖို့ ရုန်းကန်ရတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဂွါဒီယိုလာဟာ စတာလင်းကိုဘဲ အထောင်တိုက်စစ်မှာ ထားကစားလာဖို့ ရှိပါတယ်။

ထိပ်တိုက် တွေ့ဆုံမှု

လိဒ်နှင့်မန်စီးတီးတို့ဟာ သမိုင်းတစ်လျှောက် ၁၀၆ ကြိမ်အထိ တွေ့ဆုံဖူးတဲ့ အသင်းတွေဖြစ်ပါတယ်။ လိဒ်က ၄၂ ကြိမ်အနို်ငရထားပြီး မန်စီးတီးက ၄၅ ကြိမ် အနိုင်ရထားကာ ၁၇ ကြိမ်သရေကျထား ပါတယ်။ သူတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာက ၂၀၁၃ ခုနှစ် အက်ဖ်အေဖလားပွဲမှာ ဖြစ်ပြီး မန်စီးတီးက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံး ငါးကြိမ် တွေ့ဆုံမှု

၁၇-၂-၂၀၁၃ မန်စီးတီး ၄ – ၀ လိဒ်

၂၂-၃-၂၀၀၄ လိဒ် ၂ -၁ မန်စီးတီး

၂၂-၁၂-၂၀၀၃ မန်စီးတီး ၁ – ၁ လိဒ်

၁၁-၁-၂၀၀၃ မန်စီးတီး ၂ – ၁ လိဒ်

၁၇-၈-၂၀၀၂ လိဒ် ၃ – ၀ မန်စီးတီး

လိဒ်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

၂၇-၉-၂၀၂၀ ရှက်ဖီးလ်ယူနိုက်တက် ၀- ၁ လိဒ်
၁၉ -၉ -၂၀၂၀ လိဒ် ၄-၃ ဖူလ်ဟမ်

၁၇-၉-၂၀၂၀ လိဒ် ၁-၁ ဟားလ်စီးတီး

(ပင်နယ်တီဖြင့် လိဒ် ရှုံးနိမ့်)

၁၂-၉-၂၀၂၀ လီဗာပူး ၄ -၃ လိဒ်

၂၃-၇-၂၀၂၀ လိဒ် ၄-၀ ချာလ်တန်

မန်စီးတီးရဲ့နောက်ဆုံး ၅ ပွဲ ရလဒ်

၁-၁၀-၂၀၂၀ ဘန်လေ ၀ – ၃ မန်စီးတီး

၂၇-၉-၂၀၂၀ မန်စီးတီး ၂-၅ လက်စတာ

၂၅-၉-၂၀၂၀ မန်စီးတီး ၂-၁ ဘုန်းမောက်

၂၂-၉-၂၀၂၀ ဝုဗ် ၁-၃ မန်စီးတီး

၁၆-၈-၂၀၂၀ မန်စီးတီး ၁-၃ လိုင်ယွန်

ထူးခြားအချက်အလက်များ

လိဒ်ဟာ နောက်ဆုံးလိဂ်ပွဲ ၁၇ ပွဲမှာ ၁၄ ပွဲ အနိုင်ရရှိထားပြီး ယင်းနိုင်ပွဲထဲမှ ၁၁ ပွဲမှာ ဂိုးမပေးခဲ့ရပါဘူး။

ယခုပွဲမှာအနိုင်ရရှိပါက လိဒ်ဟာ ၂၀၀၃ ခုနှစ်၊နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးကြိမ်ပွဲဆက် အနိုင်ရရှိမှု ဖြစ်လာပါမယ်။

လိဒ်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ ပွဲမှာ ၈ ဂိုးသွင်းထားနိုင်ပြီး ၂၀၀၁ ခုနှစ်တုန်းက တန်းတက် ဘော်လ်တန်ရဲ့ အဖွင့်ပွဲ ၃ ပွဲမှာ ၈ ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကို လိုက်မီထားပါတယ်။

လိဒ်ဟာ အလွတ်တည်ကန်ဘောမှ ၅ ဂိုးအထိ ရရှိထားကာ အလွတ်တည်ကန် ဘောမှ ဂိုးအများဆုံးရရှိထားတဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။

လိဒ်တိုက်စစ်မှူးဘမ်းဖို့ဒ်ဟာ ပရီးမီးယားလိဂ် သုံးပွဲလုံး ဂိုးသွင်းထားနိုင်ပြီး ကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်မှာလည်း ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးရနိုင်တဲ့ အခွင့်အရေး ၉ ကြိမ်အထိ ဖန်တီးထားနိုင်ပါတယ်။

ယခုပွဲရှုံးနိမ့်လျှင် မန်စီးတီးမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် နှစ်ပွဲဆက် အရှုံးနှင့် ရင်ဆိုင်ရပါမယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် အဝေးကွင်း သုံးပွဲဆက်အနို်ငရရှိထားပြီး ၁၂ ဂိုးသွင်းထားနို်ငကာ ၁ ဂိုးဘဲ ပေးထားရပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာကို ကိုင်တွယ်တုန်းက ဘီရယ်ဆာနှင့် သုံးကြိမ် ရင်ဆိုင်ဖူးပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားကာ ရှုံးပွဲမရှိထားပါဘူး။

ကီဗင်ဒီဘရိုင်းမှာ ၂၀၁၉-၂၀ ရာသီမှ ယခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးသွင်းပြီး ၂၁ ကြိမ် ဖန်တီးထားပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

လိဒ် (၄-၅-၁)

ဂိုး – မီစလီယာ။

နောက်တန်း – အေလင်း၊ ကိုးပါး၊ ကော့ချ်၊ ဒဲလ်က်စ်။

အလယ်တန်း – ကော့စတာ ၊ ရိုဒရီဂို၊ ဖီးလစ်၊ ကလစ်ချ်၊ အလွိုက်စ်စကီး။

ရှေ့တန်း – ဘမ်ဖို့ဒ်။

မန်စီးတီး (၄-၅-၁)

ဂိုး – အီဒါဆင်။

နောက်တန်း – မင်ဒီ၊ လာပေါ်တီ၊ အကဲ၊ ဝေါလ်ကား။

အလယ်တန်း – တောရက်စ်၊ ဒီဘရိုင်း၊ ရိုဒရီဂို၊ ဖိုဒန်၊ မရာ့ဇ်။

ရှေ့တန်း – စတာလင်း။

ဒဏ်ရာရ/ပွဲပယ်

လိဒ် – ဖော်ရှော၊ ဟာနန်ဒက်ဇ်၊

မန်စီးတီး – ကန်စီလို၊ ဂန်ဒိုဂန်၊ ဂျီးဆပ်စ်၊ ဇင်ချန်ကို၊ အဂူရို။

နောက်ဆုံးသုံးသပ်ချက်

ဒီပွဲက နည်းပြနှစ်ဦးရဲ့ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်မယ့်ပွဲဖြစ်သလို တိုက်စစ်အသားပေး ကစားတဲ့ အသင်းနှစ်သင်း ဖြစ်လို့ သွင်းဂိုးတွေ မျှော်လင့်နိုင်တဲ့ပွဲ ဖြစ်ပါတယ်။

နှစ်သင်းစလုံးက တိုက်စစ်ပိုင်းကောင်းသလောက် ခံစစ်ပိုင်းက အားနည်းမှုရှိပါ တယ်။ ပြီးခဲ့တဲ့အပတ်တုန်းက လက်စတာကို အိမ်ကွင်းမှာ ၅-၂ ဂိုးနဲ့ ချေမှုန်းခြင်းခံခဲ့ရတဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပြန်လည်ရယူဖို့ လိုအပ်နေပါတယ်။ အခြားတစ်ဖက်မှာ မှော်ဆရာကြီး မာဆယ်လိုဘီရဲလ်ဆာက ပြိုင်ဘက်အားနည်းချက်ရှာဖွေရာမှာ ဆရာတစ်ဆူ ဖြစ်တာနဲ့အညီ ယခုပွဲမှာ ဘယ်လို ချဉ်းကပ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒါပေမယ့် ကစားသမားအရည်အသွေးပိုင်း ကွာခြားတဲ့အပြင် ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရလဒ်ကောင်းမွန်တဲ့ မန်စီးတီးက အနိုင်ရဖို့ များပေမယ့် နှစ်သင်းပေါင်း လေးဂိုးသွင်းမှ ၉၀ နိုင်မယ့်အခြေအနေ၊ တစ်လုံးသွင်းရင်တောင် ၉၀ ရှုံးဦးမယ့် မန်စီးတီးရဲ့ အခြေအနေတွေကြောင့် လိဒ်နဲ့ ဂိုးအောက်ကို ကြိုက်ပါတယ်။

Facebook Comments Box
Facebook Comment