ဘိုင်ယန်အရှက်တကွဲရှုံးပြီးနောက် အပြောင်းအလဲများ ပြုလုပ်သွားမည်ဟု ဘာတိုမြူပြောကြား

သောကြာနေ့တုန်းက ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် ဘာစီလိုနာဥက္ကဌဘာတိုမြူက ကလပ်အတွင်း အပြောင်းအလဲများ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။ဘိုင်ယန်မြူးနစ်ဟာသောမတ်စ်မူလာ၊ဖီးလစ်ပီကော်တင်ဟို၊အိုင်ဗန်ပီရီဆစ်၊ကမ်မစ်ချ်၊ရောဘတ်လီဝန်ဒေါ့စကီး၊ဆာဂျီဂနာဘရီတို့သွင်းယူတဲ့ဂိုးများဖြင့် ဘာစီလိုနာကို ၈-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းရလဒ်ကြောင့်ဘာစီလိုနာဟာ၂၀၁၉-၂၀ရာသီအားဖလားလက်မဲ့ဖြင့်အဆုံးသတ်ခဲ့ရပါတယ်။

ဘာတိုမြူက”အရမ်းအရမ်းကို ခက်ခဲတဲ့ညတစ်ည ဖြစ်ပါတယ်။ ဘာစီလိုနာပရိသတ်များ၊ အဖွဲ့ဝင်များ၊ ကစားသမားများ၊ အားလုံး အားလုံးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကကျွန်တော်တို့ဖြစ်စေချင်တဲ့ကလပ်မဖြစ်ခဲ့ပါဘူး။ကျွန်တော်တို့ဟာဆုံးဖြတ်ချက်အချို့ချမှတ်ထားပြီးဖြစ်ပါတယ်။အချို့ဆုံးဖြတ်ချက်တွေကိုဒီရက်ပိုင်းအတွင်းမှာပြုလုပ်သွားပါမယ်။လာမယ့်အပတ်မှာကြေညာချက်တွေပြုလုပ်သွားပါမယ်။အားလုံးသွေးအေးသွားတဲ့အချိန်မှာမှဆုံးဖြတ်ချက်တွေချဖို့လိုပါတယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာအသင်းကပြုလုပ်လာမယ့်အပြောင်းအလဲတွေထဲမှာနည်းပြဆီတိန်းအားထုတ်ပယ်ရေးလည်း ပါဝင်လာဖို့ ရှိပါတယ်။ ဆီတိန်းဟာဇန်နဝါရီလတုန်းက ဗယ်ဗာဒီရဲ့နေရာကို ဆက်ခံပြီးနောက် ခြေစွမ်းမတည်ငြိမ်မှုကြောင့် ရာထူးမှ ဖယ်ရှားခံရမယ်လို့ တောက်လျှောက် သတင်းထွက်လာခဲ့သူဖြစ်ပြီး ယခုကဲ့သို့ ဘိုင်ယန်ကို ၈-၂ဖြင့်ရှုံးနိမ့်မှုကြောင့် ထုတ်ပယ်ခံရဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဘာတိုမြူက”နည်းပြနဲ့ပတ်သက်ပြီး ကျွန်တော် မပြောချင်ပါဘူး။ ချန်ပီယံလိဂ်မကစားခင်ကတည်းက ဆုံးဖြတ်ချက်အချို့ကို ချထားပြီး ဖြစ်ပါတယ်။ဒါပေမယ့် ဒီနေ့က ပြောဖို့အချိန်မကျသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဆီတိန်းကဲ့သို့ ဘာစီလိုနာမှာ အနာဂတ်မရေမရာဖြစ်နေသူကတော့ ဘောလုံးဒါရိုက်တာအ ဘီဒယ်ဖြစ်ပါတယ်။ အဘီဒယ်ဟာ ကစားသမားများနှင့်အဆင်မပြေဖြစ်နေသူလို့သတင်း ထွက်နေကာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်လာမှဒ အဆုံးသတ်ဖို့ ရှိနေပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ် လုပ်ဆောင်ရမယ့်အရာကတော့ လီယွန်နယ်မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ရေး ဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment