ဘိုင်ယန်မှာပဲ ပျော်တယ်လို့ ဆိုလာပြန်တဲ့ သီယာဂိုအယ်ကန်တာရာ

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်နေသော ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာက ယခုအခါ စိတ်ပြောင်းကာ ဘိုင်ယန်က မိမိနေအိမ်ဖြစ်သလို ထိုအသင်းတွင် ကစားရသည်ကို ပျော်ရွှင်ကြောင်း ပြောကြားလိုက်သည်။

ထို့ကြောင့် အသက် ၂၈ နှစ်အရွယ် ၎င်းကို ခေါ်ယူချင်နေသော လီဗာပူးလ်၊ မန်ယူတို့အတွက် ရှေ့ လျှောက် မည်သို့ဆက်လုပ်ရမလဲ ဆိုသည့်မေးခွန်းများ ထွက်ပေါ်လာသည်။

ယမန်နှစ်ရာသီက ဘိုင်ယန်နှင့်အတူ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်စသည့် အဓိကဆုဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့သော သီယာဂိုက ပီအက်စ်ဂျီအား အနိုင်ရခဲ့သော ချန်ပီယံ လိဂ် ဗိုလ်လုပွဲအပြီး မြူးနစ်အခြေစိုက် ကလပ်အားစွန့်ခွာကာ စိန်ခေါ်မှုအသစ်များ ရှာဖွေတော့ မည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် စပိန်လက်ရွေးစင် ၎င်းကို ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်က ခေါ်ယူရန် စိတ်ဝင် စားနေပြီး ဗန်ဒီဘိခ်ကို ခေါ်ယူထားသော မန်ယူကလည်း ကြားဖြတ်ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

လီဗာပူးလ်သည် ဘာစီလိုနာသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသော နယ်သာလန်ကွင်း လယ်လူ ဝိုင်နယ်ဒမ်၏နေရာတွင် သီယာဂိုနှင့် အစားထိုးရန် အလိုရှိနေပြီး ၎င်းသည် ဘိုင်ယန်နှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးသည်။

အသင်းမှ ထွက်ခွာမည်ဟု ပြောကြားပြီးနောက် ဘိုင်ယန်သည် သီယာဂိုအတွက် ပေါင် ၂၇ သန်း အလိုရှိနေပြီး ယခုအခါ ၎င်းဘက်မှ စိတ်ပြောင်းသည့်သဘော ဆိုလာသောကြောင့် မည်သည့်မှတ်ချက်မှ မပေးသေးဘဲ စောင့်ကြည့်နေသည်။

ဂျာမနီနှင့် တစ်ဂိုးစီ သရေကျခဲ့သော နေးရှင်းလိဂ်ပွဲစဉ်အပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဘာစီလိုနာ ကစားသမားဟောင်း သီယာဂိုက “ဒီအချိန်မှာတော့ နောက်ကစားမယ့် ယူကရန်းနဲ့ပွဲ အတွက်ပဲ ကျွန်တော် တွေးထားပါတယ်။ ပြီးသွားရင်တော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဘိုင်ယန်က ကျွန်တော့်ရဲ့နေအိမ်ပါ။ ဒီမှာရှိနေတာကို ကျွန်တော် ပျော်ပါတယ်” ဟု ပြောသည်။

Ref:ZDF

Facebook Comments Box
Facebook Comment