ဘိုင်ယန်မြူးနစ် ကစားသမားများ လွှမ်းမိုးထားသည့် ချန်ပီယံလိဂ် အကောင်းဆုံးအသင်း

ယူအီးအက်ဖ်အေသည် ၂၀၁၉-၂၀ ချန်ပီယံလိဂ်ရာသီ၏အကောင်းဆုံးအသင်းကို ကြေညာခဲ့သည်။

ယူအီးအက်ဖ်အေသည် ၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြို်ငပွဲတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကစားသမား ၂၃ ဦး အသင်းကို ကြေညာလာခြင်းဖြစ်သည်။အဆိုပါ ချန်ပီယံလိဂ်အကောင်းဆုံးအသင်း ၂၃ ဦးစာရင်းကို ယူအီးအက်ဖ်အေ၏နည်းစ နစ်ပိုင်းအဖွဲ့မှရွေးချယ်လာခြင်းဖြစ်ပြီး အားလုံးမှာ ရှုံးထွက်အဆင့်ရောက်အသင်းမှ ကစားသမားများဖြစ်ကြသည်။

ယခုနှစ် ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ခရစ္စတီယာနိုင်ရော်နယ်ဒိုပါဝင်ခဲ့ခြင်းမရှိသော် လည်း ဘိုင်ယန်မြူးနစ်ကို ၈-၂ အသင်းဖြင့် ရှုံးနိမ့်ခဲ့သည့် ဘာစီလိုနာမှ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့ ပါဝင်ကာ စီးရီးအေမှ ကစားသမားတစ်ဦးသာ ပါဝင်ခဲ့သည်။

ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ချန်ပီယံလိဂ် ဘိုင်ယန်မြူးနစ်များက အများဆုံးပါဝင်ပြီး ဒုတိယရ ပီအက်စ်ဂျီမှ သုံးဦးနှင့် ဆီမီးရောက် လိုက်ဇစ်တို့မှ သုံးဦးစီ ပါဝင်ကြောင်း တွေ့ရသည်။ခ

ျန်ပီယံလိဂ်အကောင်းဆုံးအသင်းဂိုးသမား – နျူအာ (ဘိုင်ယန်မြူးနစ်)၊ အိုဘလက် (အက်သလက်တီကို)၊ လိုပက်စ်(လိုင်ယွန်)။

နောက်တန်း – ဒါဗီးစ်(ဘိုင်ယန်မြူးနစ်)၊ ကမ်မစ်ချ် (ဘိုင်ယန်မြူးနစ်)၊ ဗန်ဒိုက် (လီဗာပူး)၊ အူပါမီကာနို (လိုက်ဇစ်)၊ အန်ဂျီလီနို (လိုက်ဇစ်)၊ အလာဘာ (ဘိုင်ယန်မြူးနစ်)။

အလယ်တန်း – တီယာဂို (ဘိုင်ယန်မြူးနစ်)၊ ဒီဘရိုင်း (မန်စီးတီး)၊ အူအာ (လိုင်ယွန်)၊ ဂိုရက်ဇ်ကာ (ဘိုင်ယန်မြူးနစ်)၊ ဆာဘစ်ဇာ (လိုက်ဇစ်)၊ မာကွင်ဟို (ပီအက်စ်ဂျီ)၊ ဂိုမက်ဇ် (အတ္တလန္တာ)၊ မူလာ (ဘိုင်ယန်မြူးနစ်)။

ရှေ့တန်း – ဂနာဘရီ (ဘိုင်ယန်မြူးနစ်)၊ လီဝန်ဒေါ့စကီး (ဘိုင်ယန်မြူးနစ်)၊ အမ်ဘစ်ပီ (ပီအက်စ်ဂျီ)၊ နေမာ (ပီအက်စ်ဂျီ)၊ မက်ဆီ (ဘာစီလိုနာ)၊ စတာလင်း (မန်စီးတီး)။

Facebook Comments Box
Facebook Comment