
ဘိုင်ယန်ကွင်းလယ်လူကို ယူနိုက်တက် ချိတ်ဆက်နေ
အားထားရသည့်ကွင်းလယ်လူ ခရစ်ရှန်အဲရစ်ဆင်ကို ၃ လခန့် ဆုံးရှုံးရမည့် မန်ယူနိုက်တက်သည် ဘိုင်ယန်မြူးနစ်မှ မာဆယ်ဆာဘစ်ဇာကို ခေါ်ယူရန် ကြိုးစားနေသည်။
အဲရစ်ဆင်သည် ရက်ဒင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရသည့် အက်ဖ်အေဖလားပွဲစဉ်တွင် ပြိုင်ဘက်တိုက်စစ်မှူး အန်ဒီကာရိုးလ်၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာပြင်းထန်သောကြောင့် ၎င်းသည် ချိုင်းထောက်အကူအညီဖြင့်သာ လမ်းလျှောက်နေရပြီး ဧပြီလကုန်အထိ အနားယူရမည်ဖြစ်သည်။
ယူနိုက်တက်၏ထုတ်ပြန်ချက်တွင် ဒဏ်ရာပြင်းထန်သောကြောင့် အနားယူရမည့်ကာလက ပိုများနိုင်ပြီး မေလဆန်းပိုင်းကျမှသာ ပြန်ကစားနိုင်မည်ဟု ပါရှိသည်။
ထို့ကြောင့် ဘိုင်ယန်တွင် ပုံမွန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသော ဩစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာကို အလျင်အမြန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
၂၈ နှစ်အရွယ် ဆာဘစ်ဇာသည် ယခုရာသီတွင် ပွဲချိန်အပြည့်ကစားရသည်က ၄ ပွဲသာရှိခဲ့ပြီး နိုဝင်ဘာ အင်တာမီလန်နှင့်ပွဲက နောက်ဆုံးကစားခွင့်ရသော မိနစ် ၉၀ အပြည့် ပွဲစဉ်ဖြစ်သည်။
ယူနိုက်တက်သည် အပြောင်းအရွှေ့စျေးကွက်မပိတ်မီ ၎င်းကို ခေါ်ယူခွင့်ရရေးကြိုးစားနေပြီး အဌားဖြင့်ရလျှင်လည်း ခေါ်ယူမည်ဖြစ်သည်။
Ref:bbc