ဘိုင်ယန်ကိုယှဉ်နိုင်တာ လီဗာပူးလ်ပဲရှိတယ်လို့ ဟာမန်း သုံးသပ်

ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဒီယက်မာဟာမန်းက ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအား ယှဉ်ပြိုင် နိုင်သည့် တစ်ခုတည်းသောအသင်းမှာ လီဗာပူးလ်သာဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်သည်။

ဘိုင်ယန်မြူးနစ်သည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ဖလား စသည့် အဓိကဆုဖလား ၃ လုံးစလုံး ရယူနိုင်ခဲ့သလို ချဲလ်ဆီး၊ ဘာစီလိုနာ၊ လိုင်ယွန်၊ ပီအက်စ်ဂျိတို့လို ထိပ်သီးအ သင်းများအား အသာစီးကစားကာ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ရယူနိုင်ခဲ့သည်။

နည်းပြဟန်ဆီဖလစ်၏အသင်းသည် ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှ ဗိုလ်လုပွဲအထိ ပွဲတိုင်းအနိုင်ယူကာ ပွဲအား လုံးအနိုင်ယူပြီး ချန်ပီယံဆုဖလားရယူခဲ့သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အသက် ၄၆ နှစ်အရွယ်ဟာမန်းသည် ဘိုင်ယန်မြူးနစ်တွင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့သလို လီဗာပူးလ် နှင့်လည်း ၂၀၀၅ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့်အတူ ဒုတိယဆုရယူခဲ့သော ဟာမန်းက ၎င်း၏ကလပ်ဟောင်း ၂ သင်းနှင့်ပတ်သက်၍ “ရီးရဲလ်မက်ဒရစ်က ရုန်းကန်နေရသလို ဘာစီလိုနာကလည်း အကျပ်အတည်းနဲ့ ကြုံနေတယ်။

စီရော်နယ်ဒိုကလည်း ဂျူဗီမှာပဲ ကစားသမားဘဝကုန်ဆုံးဖို့က ဖြစ်လာနိုင်တယ်။ ကျွန်တော့်အမြင်ကိုပြောရရင် ဘိုင်ယန်မြူးနစ်ကို အဓိကယှဉ်ပြိုင်နိုင်တာက လီဗာပူးလ်ပဲရှိတော့တယ်” ဟု ပြောသည်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်သည် ယမန်နေ့ညက ကစားခဲ့သော ရာသီ ကြိုခြေစမ်းပွဲတွင် သြစတြီးယားက လပ် ရက်ဒ်ဘူးဆဲလ်ဘတ်နှင့် ၂ ဂိုးစီသရေကျခဲ့ပြီး လူငယ်တိုက်စစ်မှူး ဘရူးစတားက ၂ ဂိုးစလုံး သွင်းယူခဲ့သည်။

Ref: china.org.cn

Facebook Comments Box
Facebook Comment