ဘိုင်ယန်ကိုပဲ ယုံကြည်ရမယ်

ကစားမည့်ရက် – ၂၅-၉-၂၀၂၀

ကစားမည့်အချိန် – နံနက် ၁း၃၀ နာရီ

ကစားမည့်ကွင်း – ပွတ်စ်ကပ်စ်အရီနာ(ဘူဒါပက်စ်)

ဒိုင်လူကြီး – အန်ထော်နီတေလာ(အင်္ဂလန်)

ချန်ပီယံလိဂ်မှာ ပွဲတိုင်းအနိုင်ယူကာ ဗိုလ်စွဲထားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့ ထိပ်တိုက် ရင်ဆိုင်ကြမယ့်ပွဲပါ။ နှစ်သင်းစလုံးက အကောင်းဆုံးပုံစံကို ရရှိနေပြီး ဥရောပဗိုလ် အစစ်အမှန်က ဘယ်သူလဲဆိုတာ သက်သေပြဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့လက်ရှိအနေအထား

စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို လက်လွှတ်ခဲ့ရပေမယ့်လည်း ဟန်ဆီဖလစ်ခ်ရဲ့အသင်းက အားမလျော့သွားပါဘူး။

ကော်တင်ညို၊ ပါရီဆစ်တို့ကလည်း မိခင်ကလပ်တွေဆီ ပြန်ရောက်သွားပေမယ့်လည်း ဘိုင်ယန်တိုက်စစ်၊ ကွင်းလယ်ပိုင်းက အားကောင်းနေဆဲ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ရာသီအဖွင့် ရှော်လ်ကေးကို ၈ ဂိုးပြတ်အနိုင်ရတဲ့ပွဲက ဘိုင်ယန်ကို အထင်ကြီး လေးစားစရာကောင်းစေပြီး တိုက်စစ်မှူး ဂနာဘရီကလည်း အားကိုးရပါတယ်။

ဟန်ဆီဖလစ်ခ်ကတော့ ဥရောပစူပါဖလားကိုရဖို့ဆိုရင် ရာနှုန်းပြည့် အာရုံစိုက်နိုင်မှသာ ဖြစ်နိုင်မယ်လို့ သူ့ကစားသမားတွေကို သတိပေးထားပါတယ်။

ဆီဗီလာရဲ့လက်ရှိအနေအထား

ယူရိုပါလိဂ်ဘုရင် ဆီဗီလာကတော့ နွေဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူထားပြီး ဆူဆို၊ အော်စကာရိုဒ ရီဂွက်ဇ်၊ မားကို့စ်အကျူနာ၊ ယာဆင်းဘူနို၊ ရာကီတစ်တို့ကို ယူရို သန်း ၅၀ နီးပါးနဲ့ ခေါ်ယူထားပါတယ်။

ကပ္ပတိန်ဟောင်း ရာကီတစ်ကို ပြန်လည်ခေါ်ယူနိုင်တာက ဆီဗီလာအတွက် အားတက်စရာဖြစ်ပြီး ကွင်းလယ်ပိုင်းက အင်အားပိုတောင့်လာမှာ အသေအချာပါပဲ။

စွယ်စုံရတဲ့ အာဂျင်တီးနားကွင်းလယ်လူ ဘာနီဂါကို လက်လွတ်ခဲ့ရတာကတော့ ဆုံးရှုံးမှုတစ်ခုလို့ ဆိုနိုင်ပေမယ့်လည်း ရာကီတစ်က ဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ထိပ်တိုက်တွေ့ဆုံမှု

ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ဟာ သမိုင်းတစ်လျှောက် စုစုပေါင်း ၂ ကြိမ်သာ တွေ့ဆုံဖူးပြီး ဘိုင်ယန်မြူးနစ်က ၁ ပွဲနိုင်၊ ၁ ပွဲသရေကစားထားပါတယ်။


တွေ့ဆုံမှု ၂ ကြိမ်မှာ ဂျာမန်ကလပ်က ၂ ဂိုးသွင်းပြီး လာလီဂါကလပ်က ၁ ဂိုးသွင်းထားပါတယ်။

နောက်ဆုံး ၂ ကြိမ် တွေ့ဆုံမှု

၁၂-၄-၂၀၁၈ ဘိုင်ယန်မြူးနစ် ၀ – ၀ ဆီဗီလာ

၄-၄-၂၀၁၈ ဆီဗီလာ ၁ – ၂ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ် နောက်ဆုံး ၅ ပွဲရလဒ်

၁၉-၉-၂၀၂၀ ဘိုင်ယန် ၈ – ၀ ရှော်လ်ကေး

၂၄-၈-၂၀၂၀ ပီအက်စ်ဂျီ ၀ – ၁ ဘိုင်ယန်

၂၀-၈-၂၀၂၀ လိုင်ယွန် ၀ – ၃ ဘိုင်ယန်

၁၅-၈-၂၀၂၀ ဘာစီလိုနာ ၂ – ၈ ဘိုင်ယန်

၉-၈-၂၀၂၀ ဘိုင်ယန် ၄ – ၁ ချဲလ်ဆီး

ဆီဗီလာ နောက်ဆုံး ၅ ပွဲရလဒ်

၁၅-၉-၂၀၂၀ ဆီဗီလာ ၃ – ၂ လီဗန်တေး

၂၂-၈-၂၀၂၀ ဆီဗီလာ ၃ – ၂ အင်တာမီလန်

၁၇-၈-၂၀၂၀ ဆီဗီလာ ၂ – ၁ မန်ယူ

၁၂-၈-၂၀၂၀ ဝုဗ် ၀ – ၁ ဆီဗီလာ

၆-၈-၂၀၂၀ ဆီဗီလာ ၂ – ၀ ရိုးမား

ထူးခြားအချက်အလက်များ

ဥရောပစူပါဖလားကို ၁၉၇၂ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စပိန်ကလပ်များက ၁၅ ကြိမ်ဗိုလ်စွဲကာ အအောင်မြင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အီတလီက ၉ ကြိမ် ရရှိထားသည်။

ဂျာမနီကလပ်များက ၁ ကြိမ်သာ ဗိုလ်စွဲထားပြီး ထိုကလပ်က ဘိုင်ယန်မြူးနစ်ဖြစ်သည်။

နောက်ဆုံးကစားထားသော ဥရောပစူပါဖလား ၇ ကြိမ်တွင် ချန်ပီယံလိဂ်ပိုင်ရှင် ကလပ်များက ၆ ကြိမ်ဗိုလ်စွဲကာ ယူရိုပါလိဂ်ပိုင်ရှင်ကလပ်များက ၁ ကြိမ်သာ ဗိုလ်စွဲထားသည်။

ဘိုင်ယန်မြူးနစ်နှင့် ဆီဗီလာတို့သည် ဥရောပစူပါဖလားကို ၁ ကြိမ်စီရယူထားပြီး ယနေ့ည အနိုင်ရသောအသင်း က ၂ ကြိမ်ဗိုလ်စွဲထားသော အေဂျက်စ်၊ ဗလန်စီယာ၊ အန်ဒါလက်ချ်၊ ဂျူဗင်တပ်စ်တို့နှင့် တစ်တန်းတည်း သတ်မှတ်ခံရမည်ဖြစ်သည်။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘိုင်ယန်မြူးနစ်(၄-၃-၃)

ဂိုး – နူအာ

နောက် – လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဘိုတန်၊ အလာဘာ၊ ဒေးဗီးစ်

လယ် – ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ ဆာနေး

ရှေ့ – မူလာ၊ ဂနာဘရီ၊ လီဝမ်ဒေါစကီး

ဆီဗီလာ(၄-၄-၂)

ဂိုး – ဘူနို

နောက် – နာဗက်စ်၊ ကောင်ဒီ၊ ဒီယေဂိုကားလို့စ်၊ အက်စ်ကျူဒါရို

လယ် – ရာကီတစ်၊ ဖာနန်ဒို၊ ဂျော်ဒန်၊ ဆူဆို

ရှေ့ – အန်နက်ဆရီ၊ အိုကမ်ပို့စ်

ဒဏ်ရာရ/ပွဲပယ်

ဘိုင်ယန် – ကိုမန်၊ ကွာဆီ

ဆီဗီလာ – မရှိ

သုံးသပ်ချက်

ကစားပုံမာတဲ့ ဆီဗီလာကို ဘိုင်ယန်က ၂+၉၀ ဖွင့်လှစ်ထားပါတယ်။ ကစားသမားအင်အားအရ လက်ရှိအချိန် မှာ ပုံစံကောင်းရနေတဲ့ ဘိုင်ယန်ကိုပဲ ရွေးမယ်။

Facebook Comments Box
Facebook Comment