ဘားကမ့်ကို လက်ထောက်အဖြစ်ခန့်အပ်ဖို့ အာတီတာ ကမ်းလှမ်းမယ်

အာဆင်နယ်နည်းပြ မီခယ်အာတီတာသည် ၎င်း၏လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်ခဲ့သော ဖရက်ဒီယွန်း ဘတ်၏နေရာတွင် အသင်းဂန္ထဝင်တိုက်စစ်မှူးဟောင်း ဒင်းနစ်ဘားကမ့်ကို အားထိုးခေါ်ယူနိုင်ရေးအတွက် တရားဝင် ကမ်းလှမ်း သွားမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ယွန်းဘတ်သည် ပြီးခဲ့သည့်စနေနေ့က လက်ထောက်နည်းပြရာထူး မှ ရုတ်တရက်နုတ်ထွက်သွားခဲ့ပြီး အာတီတာနှင့် အသင်းသားများအတွက် ဆုမွန်တောင်းပေးခဲ့သည်။

ထို့ကြောင့် အာတီတာသည် ၎င်း၏နေရာကို အစားထိုးရန် မြောက်လန်ဒန်က လပ်တွင် ၁၁ ရာသီကြာကစားကာ ပ ရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကွန်မြူ နတီဒိုင်း ၃ ကြိမ်ရယူဖူးသော ဘားကမ့်ကိုခေါ်ယူရန် စီစဉ်နေခြင်းဖြစ် သည်။

အသက် ၅၁ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟောင်း ဘားကမ့်သည် ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အထိ ၎င်း၏ကလပ် ဟောင်း အေဂျက်စ်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

အာဆင်နယ်သည် အသင်းအတွက် ပြိုင်ပွဲစုံ ၄၂၃ ပွဲတွင် ၁၂၀ ဂိုးသွင်းယူပေးခဲ့သော ဘားကမ့်ကိုဂုဏ်ပြုသည့်အ နေဖြင့် အမ်းမရိတ်စ်ကွင်းပြင်ပတွင် ၎င်း၏ရုပ်ထုကို ဂုဏ်ပြုထုလုပ်ပေးထားသည်။ အာဆင်နယ်ပရိသတ်များကလည်း ဘားကမ့် အသင်းသို့ပြန်လာရန် ဆန္ဒရှိနေပြီး နည်းပြအာတီတာနှင့်လက်တွဲကာ အောင်မြင်မှုများရယူပေးစေလိုသည့်သဘောထားများကို လူမှုကွန်ရက်တွင် ရေးသားလျက်ရှိသည်။

Ref: TheSun

Facebook Comments Box
Facebook Comment