
“ဘာနေဗျူးမှာ လွင့်ပျံနေမယ့် မိုးပြာရောင် အလံတော်”
(ချန်ပီယံလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

✍️မောင်ရဲတိုက်
Soccer 88ရဲ့ စာဖတ်သူ ပရိသတ်အားလုံးမင်္ဂလာပါ။ ကျနော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဒီညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အိမ်ရှင် မက်ဒရစ်က UCLမှာ အအောင်မြင်ဆုံး ချန်ပီယံလိဂ်ဘိုးအေကြီးဖြစ်ပြီး တစ်ဖက်က မန်စီးတီးကတော့ UCLနဲ့ ဖိုင်နယ်မှာလွဲ၊ ဆီမီးမှာလွဲနဲ့ လွဲလို့ကောင်းနေဆဲအသင်းပေါ့။ နည်းပြချင်းကြည့်ရင်လည်း မက်ဒရစ်မှာ UCLဖလားအများဆုံးရထားတဲ့ နည်းပြကြီး အန်စလော့တီနဲ့ စီးတီးမှာတော့ မော်ဒန်ဘောလုံးရဲ့ နည်းစနစ်ဘုရင် ဂွါဒီယိုလာတို့ ဖြစ်ကြတာမို့ ဒီပွဲဟာ အသင်းနှစ်သင်းကြား၊ နည်းပြတွေကြား၊ ကစားသမားတစ်ဦးချင်းကြားမှာ အပြန်အလှန်မတိမ်းမယိမ်းနဲ့ ရှိနေပြီး ဘယ်အသင်းက ပထမအကျော့ကို ဦးဆောင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကြောင့် ဒီညပွဲစဉ်နဲ့ပတ်သက်ပြီး တစ်သင်းချင်းစီရဲ့အခြေအနေကို ကျွန်တော်လေ့လာမိသလောက် ဖော်ပြရေးသားရင်းနဲ့ ပွဲရလဒ်လေး ခန့်မှန်းချင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်နဲ့ စာဖတ်သူတို့ရဲ့ အမြင်တို့ ထပ်တူကျနေမလားဆိုတာ ဖတ်ရှုပေးပါဦး။
⚔️ ရီးရဲမက်ဒရစ် Vs မန်စီးတီး
⚪ ရီးရဲလ်မက်ဒရစ်
ခေတ်အဆက်ဆက်မှာ မက်ဒရစ်ပေါင်းစုံကို ကျွန်တော်တို့ရဲ့ သက်တမ်းအရ မြင်ခဲ့ပြီးပါပြီ။ တွေ့ခဲ့ရသမျှ မက်ဒရစ်တိုင်းဟာ ခမ်းနားခဲ့တာချည်းပါပဲ။ ဒါကြောင့်လည်း ဒီအသင်းရဲ့ အခြားနာမည်ကိုက “တော်ဝင်အသင်း”ရယ်လို့ ဖြစ်နေတာပေါ့။ စပိန်လာလီဂါမှာရော ဥရောပစင်မြင့်မှာရော ဖလားအများဆုံးရရှိခဲ့သလို အခုချိန်ထိလည်း ကမ္ဘာ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ မနှစ်ကလည်း လာလီဂါရော UCLရောကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ကလပ်ဖလားကိုပါ ရရှိခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီလိုခမ်းနားတဲ့အသင်းမှာ ကစားရဖို့ဟာ ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်နေခဲ့တာ မဆန်းပါဘူး။
ဒါပေမယ့် ဒီညမှာ တွေ့ရမယ့် မက်ဒရစ်ဟာ ဘာမက်ဒရစ်လဲတော့ သိဖို့လိုပါတယ်။ မနှစ်ကလို ပီအက်ဂျီ၊ ချယ်ဆီး(တူချယ်လက်ထက်) တို့ကို အသက်လုcomebackတွေနဲ့ ဖြတ်ကျော်လာတဲ့ မက်ဒရစ်မဟုတ်တော့ပါဘူး။ လူမစုံခြေပျက်နေတဲ့ လီဗာပူး၊ ချယ်ဆီးတို့ကို ပေါ့ပေါ့ပါးပါးဖြတ်ကျော်လာတဲ့ မက်ဒရစ်ပါ။ ပြည်တွင်းမှာလဲ တန်းတက်အသင်းငယ်တွေကိုတောင် မနည်းသတ်ချနေရတဲ့ မက်ဒရစ်ဖြစ်ပါတယ်။ မနှစ်ကတစ်ရာသီလုံးမှာ ဂိုး၃၀သာပေးခဲ့ရတဲ့ ခံစစ်က အခုရာသီမသိမ်းခင်မှာတင် ၃၂ဂိုးပေးထားရပြီးပါပြီ။ ဘာစီလိုနာ၊ အေတီကို၊ ဆိုစီဒက်တို့ကို မနိုင်ခဲ့တဲ့အပြင် အဝေးကွင်းဆို အသင်းငယ်တွေကိုပါ ရှုံးရတာမျိုးလည်း တွေ့နေရပါတယ်။
✴️စောင့်ကြည့်ရမယ့်ကစားသမား
ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ စောင့်ကြည့်ရမယ့် ကစားသမားကတော့ ဗီနီးရှက်ဂျူနီယာ ဖြစ်ကြောင်း မှတ်တမ်းများက ထောက်ပြနေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်က အိုဆာဆူနာနဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ဗီနီးရှက်ရဲ့ ဘယ်ခြမ်းကနေ အတိုးအလှုပ်တွေက သိပ်ကိုအရေးပါခဲ့ပါတယ်။ ထိုပွဲတင်မကဘဲ UCLပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ဦးချင်းဖြတ်ကျော်မှု ၉၉ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ၄၂ကြိမ်အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်UCLမှာ take-onအများဆုံး ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။ ထိုဖြတ်ကျော်မှုတွေထဲက အကြိမ်၉၀ခန့်ဟာ တိုက်စစ်ဘယ်ခြမ်းမှာ ပြုလုပ်ခဲ့တာမို့ ဒီညမှာလည်း ဘရာဇီးသားလေးဟာ မန်စီးတီးရဲ့ ခံစစ်ညာခြမ်းကို အတိုင်းအတာတစ်ခုထိ ဒုက္ခပေးဦးမှာဖြစ်ပါတယ်။ ု
🔵 မန်စီးတီး
နည်းပြဂွါဒီယိုလာဟာ UCLကို နှစ်ကြိမ်ရခဲ့ဖူးပြီး ထိုနှစ်ကြိမ်လုံးဟာ ဘာစီလိုနာနဲ့ ရခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် UCLကို ရခဲ့တာက 2011တုန်းကဖြစ်ပြီး အဲ့နောက်မှာ ဘိုင်ယန်၊ မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့ပေမယ့် UCLမှာတော့ ဆရာအောင်ချိမ့်ကဗျာလို “တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်သလဲ”မေးယူနေရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့သုံးနှစ်မှာ ကွာတား၊ ဖိုင်နယ်၊ ဆီမီးတို့အထိ ပုံစံကောင်းပြရင်း တက်လှမ်းနိုင်ခဲ့ပြီးမှ ပြုတ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ လူသားစက်ရုပ်နှစ်ရုပ်ဖြစ်တဲ့ ဂိုးသွင်းစက်ရုပ် ဟာလန်းနဲ့ ဂိုးဖန်တီးစက်ရုပ် ဒီဘရိုင်းနားတို့အပါအဝင် ကြောက်ခမန်းလိလိ တိုက်စစ်အင်အားနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ ဟာလန်းတို့နဲ့အတူ ပြောစရာရှိလာတာက ခံစစ်အစုအဖွဲ့ပါ။ နောက်ခံလူ အကီနဲ့ အကန်ဂျီတို့ဆိုတာ မနှစ်က ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာပုံစံပြောင်းထားတဲ့ (၃-၂-၄-၁) ကစားကွက်မှာတော့ Deep Lineပလေယာတွေနဲ့ ပိုပြီးအချိတ်အဆက်မိလာကာ ပွဲကြီးတွေမှာဆိုရင် မာကျောတဲ့ခံစစ်ပုံစံကိုပြလာနိုင်ခဲ့ပါတယ်။ အကီကတော့ ဒီညမှာဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ပါဘူး။ ဒါကြောင့် သူတို့ခံစစ်ကိုမွှေနှောက်မယ့် ဗီနီးရှက်ကိုထိန်းချုပ်ဖို့ ခံစစ်မှာpaceကောင်းတဲ့ ဝေါ့ကာကို ညာခြမ်းFull backနေရာမှာ တာဝန်ပေးဖို့ရှိနေကြောင်း လေ့ကျင့်ရေးအစီအစဉ်တွေကနေတစ်ဆင့် မီဒီယာတွေက ဖော်ပြရေးသားကြပါတယ်။
✴️ စောင့်ကြည့်ရမယ့် ကစားသမား
မန်စီးတီးရဲ့ player to watchကတော့ အထူးပြောစရာမလိုပါဘူး။ ဒီနှစ်မှ EPLကိုရောက်လာပြီး ရှိသမျှစံချိန်တွေ ရသလောက်လိုက်ချိုးပြနေတဲ့ ဟာလန်းပါပဲ။ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၁ဂိုးသွင်းယူပေးထားပြီး EPLမှာ ၃၅ဂိုး၊ UCLမှာ ၁၂ဂိုးသွင်းယူထားပါတယ်။ ထူးခြားချက်အနေနဲ့ ဟာလန်းရဲ့ သွင်းဂိုးပေါင်း ၅၁ဂိုးမှာ boxအပြင်ကနေ သွင်းယူခဲ့တာ တစ်ဂိုးသာရှိပြီး ကျန်ဂိုး၅၀ကတော့ boxအတွင်းကနေပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုး၅၀လုံးဟာလည်း boxတစ်ခုလုံးရဲ့ နေရာအနှံ့ကနေသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ဂိုးဧရိယာထဲမှာ ဟာလန်းရှိနေပြီဆိုရင် ထိချက်သုံးချက်အတွင်း ဂိုးတစ်ဂိုးပေးရဖို့များနေတာမို့ ခံစစ်ကစားသမားတိုင်းရဲ့ အိပ်မက်ဆိုးသဖွယ်ဖြစ်နေမှာပါ။
🎯 ရွေးချယ်မှု
ဒီပွဲနဲ့ပတ်သက်ပြီး သုံးသပ်သူအများစုက ဘာနေဗျူးရဲ့ ထုထည်ကိုအလေးအမြတ်ပြုရင်း (၁-၁)သရေကို ရွေးကြပါတယ်။ တချို့ကျ ဂိုးတွေကိုအရသာခံကြည့်ချင်သေးတော့ (၂-၂)သရေကို တင်သွင်းလာကြပါတယ်။ တကယ်လည်း မန်စီးတီး ဘယ်လောက်ကောင်းပါစေ၊ ဘာနေဗျူးမှာတော့ ရီးရဲလ်ကို လာမလုပ်နဲ့ဆိုတာမျိုးက သဘာဝကျပါတယ်။ မူလတည်ကြေး (=-၇၀)ကနေ (=-၅၀)ကို ရွေ့လာပုံအရလည်း မန်စီးတီးဘက်က အနိုင်သေချာနေတာမျိုး မဟုတ်ပြန်ဘူးပေါ့။ အဲ့အစား ဂိုးပေါင်းကြေးလေးက (၃+၅၀)မှာ ငြိမ်နေတော့ ဂိုးပေါ်ကိုပဲရွေးသင့်တယ်လုပ်ကြတာပေါ့။ ဒါပေမယ့် ရီးရဲလ်ဟာ UCLအိမ်ကွင်းနောက်ဆုံးငါးပွဲစလုံးအနိုင်ရခဲ့ပြီး ပေးဂိုး၂ဂိုးသာရှိခဲ့ပါတယ်။ မန်စီးတီးကတော့ အဝေးကွင်းနောက်ဆုံးလေးပွဲဆက်တိုက် သရေတွေကစားထားပြီး အဲ့လေးပွဲမှာလည်း နှစ်ဂိုးသာရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိပေးထားတဲ့ ဘော်ဒီကြေးက အသင့်အတင့်ပါပဲ။ ဂွါဒီယိုလာဟာ အင်အားကို ချွေတာပြီး အသည်းအသန်နိုင်စရာမလိုတဲ့ အဝေးကွင်းပွဲတွေမှာ သရေသာမျှောကစားတတ်ပါတယ်။ ဒါပေမယ့် အခုရင်ဆိုင်ရမှာက ရီးရဲလ်မက်ဒရစ်ပါ။ ပအကျော့မှာ သရေကန်ပြီး အိမ်ကွင်းရောက်မှ သိပ်လိုက်မယ်ဆိုတာမျိုး တော်ဝင်တို့ကို သွားလုပ်လို့မရမှန်း ဆရာပက်သိပါတယ်။ ပွဲချိန်ဆယ်မိနစ်ပဲကျန်တာတောင် သေအောင်သတ်လို့မရတဲ့ ရီးရဲလ်ကို ပုံစံပြောင်းပြီး ချဉ်းကပ်ဖို့လုပ်ရမှာပါ။ လတ်တလောခြေစွမ်းအရတော့ ရီးရဲလ်အနေနဲ့ စီးတီးကို အမြင့်ဆုံးသရေသာ ကစားနိုင်ဖို့ရှိပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ ကျွန်တော်ရဲ့ စိတ်ကြိုက်ကတော့ ဘာနေဗျူးမှာ စိုက်ထူနိူင်မယ့် မိုးပြာအလံကို ဦးညွှတ်ဖို့ပါပဲ။
✅ မန်စီးတီး ဘော်ဒီ + ဂိုးပေါ်
⚽ ခန့်မှန်းရလဒ် = (1-2)
ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုက အဲ့လိုရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကြိုက်ရွေးချယ်မှုဟာ မိတ်ဆွေတို့ရဲ့ ရွေးချယ်မှုနဲ့ ထပ်တူကျလို့ အတူတူ အောင်ပွဲဆင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ မနက်ဖြန်ညမှာ ကစားမယ့် မီလန်နှစ်သင်းရဲ့ UCL ဆီမီးဖိုင်နယ်အတွက် ပွဲကြိုအချက်အလက်များနဲ့အတူ ကျွန်တော် ပြန်လာခဲ့ပါဦးမယ်။ အစအဆုံးဖတ်ရှုပေးကြတဲ့ မိတ်ဆွေတို့ အောင်မြင်မှုအပေါင်း ရရှိနိုင်ကြပါစေ။
#soccer88