ဘာစီလိုနာဥက္ကဌရာထူးမှ ဂျိုးဆက်ပ်ဘာတိုမြူ နုတ်ထွက်

ဘာစီလိုနာဥက္ကဌဂျိုးဆက်ပ်မာရီယာဘာတိုမြူသည် ဖိအားပေးမှုများပြားလာမှုကြောင့် ဥက္ကဌရာထူးမှ နုတ်ထွက်လိုက်ရပြီ ဖြစ်သည်။ ဘာစီလိုနာပရိသတ်များ သည် ၂၀၁၄ ခုနှစ်တွင် ဥက္ကဌအဖြစ် စတင်ဆောင်ရွက်လာခဲ့သည့် ဘာတိုမြူကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် ထောက်ခံမဲ အပြည့်အဝ ရရှိခဲ့ကာ ရာထူးမှ ဖယ်ရှားလိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဘာတိုမြူနှင့်အတူ ဘာစီလိုနာဘုတ်အဖွဲ့တစ်ခုလုံး ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဘာစီလိုနာကလပ်အဖွဲ့ဝင်များသည် ဘာတိုမြူနှင့်ဘုတ်အဖွဲ့ကို နုတ်ထွက်စေပြီး ဥက္ကဌသစ် ရွေးကောက်ပွဲ အမြန်ဆုံး ပြုလုပ်ရန်အတွက် ဥက္ကဌအပေါ်အယုံအကြည် မရှိမဲကောက်ခံမှု ပြုလုပ်ခဲ့ရာ လုံလောက်သည့် မဲအရေအတွက် ရရှိခဲ့သည်။ ဘာတိုမြူနှင့်ဘာစီလိုနာဘုတ်အဖွဲ့ဝင်တို့သည် ဘာစီလိုနာမှ နုတ်ထွက်ရေး ရွှေ့ဆိုင်းရန် ကြိုးပမ်းခဲ့ကြသော်လည်း တရားရုံးက ပယ်ချခြင်းခံရမှုနှင့်အတူ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ထို့ကြောင့် အစောပိုင်းတုန်းက ဘာစီလိုနာဥက္ကဌရာထူးအား မတ်လတွင် ကျင်းပရန် စီစဉ်ထားမှုကို စောစောစီးစီးကျင်းပလာတော့မည် ဖြစ်သည်။

ဘာတိုမြူသည် ၂၀၁၉-၂၀ ရာသီတွင် ဖလားလက်မဲ့ ဖြစ်မှု၊ မက်ဆီ အသင်းပြောင်းခွင့် တောင်းဆိုမှုတို့ကြောင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်သည်။ မက်ဆီသည် ဘာစီလိုနာတွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သော်လည်း ကလပ်၏ ရေရည်စီမံကိန်း မရှိမှု၊ ဆွာရက်ဇ်ကို ထွက်ခွာရအောင် လုပ်ဆောင်မှုတို့ အတွက် အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့သည်။

ဘာစီလိုနာဥက္ကဌသစ် ရွေးကောက်ပွဲကို လာမည့် ရက်သတ္တပတ်များအတွင်းတွင် ကျင်းပသွားတော့မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment