ဘာစီလိုနာဥက္ကဋ္ဌလောင်းက ကလော့ပ်ကို ခေါ်ပေးမယ်လို့ မဲဆွယ်

ဘာစီလိုနာအသင်း ဥက္ကဋ္ဌရွေးချယ်ပွဲတွင် မိမိသာ ရွေးချယ်ခံရပါက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကိုခေါ်ယူ ကာ အားလုံးလေးစားခန့်ညားရသည့် အသင်းကြီးတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ စပိန်စီးပွားရေးလုပ်ငန်းရှင် ဂျော်ဒီဖာရီက မဲဆွယ်လိုက်သည်။

လာလီဂါထိပ်သီးအသင်းကြီးဖြစ်သော ဘာစီလိုနာသည် ပြီးဆုံးခဲ့သည့် ၂၀၁၉- ၂၀၂၀ ဘောလုံးရာသီတွင် ပြည် တွင်းပြည်ပ ဆုဖလားတစ်လုံးမှမရဘဲ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရသလို ချန်ပီယံလိဂ်ကွားတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အား ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် အသင်းဥက္ကဋ္ဌ ဘာတိုမြူသည် နည်းပြဆက်တီယန်ကိုထုတ်ပယ်ကာ နယ်သာလန်လက်ရွေးစင်နည်းပြ လည်းဖြစ်၊ အသင်း၏ဂန္ထဝင်ကစားသမားဟောင်းလည်းဖြစ်သူ ရော်နယ်ကိုးမန်းနှင့် အစားထိုးခဲ့သည်။

ဘာစီလိုနာပရိသတ်များနှင့် ဘုတ်အဖွဲ့ဝင်အချို့သည် အသင်း၏လတ်တလော အနေအထားအပေါ် အားမလိုအား မရဖြစ်နေပြီး ဘာတိုမြူအနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ကျင်းပဖွယ်ရှိသည့် ဥက္ကဋ္ဌရွေးချယ်ပွဲတွင် ပြန်လည်ရွေးချယ်ခံဖွယ်မရှိဟု သတင်းထွက်ပေါ်နေသည်။

ဘာစီလိုနာဥက္ကဋ္ဌရွေးချယ်ပွဲသို့ ဥက္ကဋ္ဌဟောင်း ယိုအန်လာပေါ်တာ၊ ကာတာလန် စီးပွားရေးလုပ်ငန်းရှင်များဖြစ် သည့် ဗစ်တာဖောင့်နှင့် လူးဝစ်ဟာနန်ဒက်ဇ်အယ်ဇာတို့လည်း ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။ အသက် ၅၃ နှစ်အရွယ် ဂျာမန်နည်းပြ ကလော့ပ်သည် လီဗာပူးလ်နှင့် စာချုပ် သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ ခုနှစ် တွင် နည်းပြလောကမှအနားမည်ဟု ဖွင့်ဟထားသော်လည်း ဂျော်ဒီဖာရီကမူ ၎င်းနှင့် စကားပြောဆိုမှုများပြုလုပ် ထားသည်ဟု အတည်ပြုသည်။

ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရမည်ဟု မျှော်လင့်ထားသော ဂျော်ဒီဖာရီက “ရော်နယ်ကိုးမန်းသာ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ယာဂန်က လော့ပ်နဲ့ စကားတွေ အများကြီးပြောထားပြီးပါပြီ။ သူက ဘာစီလိုနာအသင်း လိုအပ်နေတဲ့ နည်းပြကောင်းတစ် ယောက်ပါ” ဟု ပြောသည်။

Ref: dailymail

Facebook Comments Box
Facebook Comment