ဘာစီလိုနာတွင် ကော်တင်ဟို ဆက်ရှိနေမည်ဟု အေးဂျင့် အတည်ပြု

ဖီးလစ်ပီကော်တင်ဟို၏အေးဂျင့်ဂျိုးရက်ဘ်ချင်က လီဗာပူးစတားဟောင်းမှာ ပရီးမီးယားလိဂ်သို့ ပြန်မည်မဟုတ်ဘဲ ၎င်းကို ဘာစီလိုနာက အသည်းအသန် ဆက်ရှိနေစေလိုလျက်ရှိကြောင်း ပြောကြားလိုက်သည်။

ဘရာဇီး လက်ရွေးစင် ကစားသမားသည် ၂၀၁၉-၂၀ ရာသီတုန်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားကစားခဲ့ရသူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၊ ဘွန်ဒက်စ်လီဂါဖလားနှင့် ဂျာမန်ပိုကယ်ဖလားတို့ ဆွတ်ခူးနိုင်ခဲ့သည်။

သူသည် ဘိုင်ယန်မြူးနစ်တွင်လည်း ဆက်တိုက်အကောင်းဆုံးပုံစံရရှိရန် ရုန်းကန်ခဲ့ရမှုနှင့်အတူ ယခုနွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေခဲ့သည်။ ၎င်းကို ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြသည့် အာဆင်နယ်နှင့်စပါးစ်တို့က စိတ်ဝင်စားနေသည်။

အင်တာမီလန်ကစားသမားဟောင်းသည် ဘာစီလိုနာသို့ ပြန်လည် ရရှိနေပြီဖြစ်ကာ ကိုးမန်းလက်အောက်တွင် လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်သည်။

အေးဂျင့်က “သူ ဘာစီလိုနာမှာဘဲ ဆက်ရှိနိုင်ပါတယ်။ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရပြီး နောက်တစ်နေ့မှာ ကိုးမန်းက သူ့ကို ဖုန်းခေါ်ပါတယ်။ သူ့အစီအစဉ်မှာ သူ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောပါတယ်။ သူ့ကို ဘယ်လောက်ပြန်လာစေချင်သလဲဆိုတာ ပြောပါတယ်။ သူက စက်တင်ဘာလ ၇ ရက်နေ့မှ ပြန်ရမှာ ဆိုပေမယ့် စက်တင်ဘာလအစကတည်းက သူ ပြန်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ ကြံ့ခိုင်မှုပိုင်း၊ အကောင်းဆုံးပုံစံ မပျောက်ဆုံးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အခု သူ ဘာစီလိုနာနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေပါပြီ”ဟု ပြောကြားသွားသည်။

ကော်တင်ဟို၏ ဘာစီလိုနာနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ ရှိနေပြီး လာမည့်ရာသီတွင် အသင်းခေါင်းဆောင်မက်ဆီနှင့် လက်တွဲကာ ဘာစီလိုနာ တိုက်စစ်ကို ဦးဆောင်သွားရန် ရှိနေသည်။

Facebook Comments Box
Facebook Comment