ဘာစီလိုနာကို နည်းပြဟောင်းဆီတိန်း တရားစွဲ

ဘာစီလိုနာနည်းပြဟောင်းကွီကွီဆီတိန်းသည် ကလပ်ဟောင်းကို တရားစွဲဆိုလိုက်သည်။ ဆီတိန်းနှင့် သူ၏နည်းပြအဖွဲ့ဝင်များဖြစ်သည့် အီဒါဆာရာဘီယာ၊ ဂျွန်ပက်စ်ကွာ၊ ဖရန်ဆိုတိုတို့သည် ပြီးခဲ့သည့် ၂၀၂၉-၂၀ ရာသီအကုန်တွင် ထုတ်ပယ်ခြင်းခံခဲ့ရမှုအတွက် နစ်နာကြေး ရရှိရန် ဘာစီလိုနာကို တရားစွဲလာခြင်းလည်း ဖြစ်သည်။

ဆီတိန်းသည် ပြီးခဲ့သည့် ရာသီတုန်းက ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ကာ ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် ဘာစီလိုနာနည်းပြရာထူးမှ ပယ်ပယ်ခြင်းခံခဲ့ရသည်။

ယခုအခါ ဆီတိန်းက ၎င်းတို့မှာ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ဘာစီလိုနာထံမှ တစ်စုံတစ်ရာ ဆက်သွယ်မှု မရရှိခဲ့ကြောင်း ပြောကြားထားသည်။

ဘာစီလိုနာက အခြားနည်းပြအဖွဲ့ဝင်သုံးဦးကို ကလပ်တွင် တာဝန်သစ်ပေးကာ ခန့်အပ်သွားမည်ဟု ကြေညာထားသော်လည်း ယခုအခါ အားလုံးက နစ်နာကြေးသာ ရရှိလိုနေသည်။

စပိန်ထိပ်သီး သတင်းစာ AS ၏ ဖော်ပြချက်အရ ဆီတိန်းသည် ဘာစီလိုနာနှင့် တစ်နှစ်စာချုပ်ကျန်နေသေးကာ နစ်နာကြေး ယူရို ၄ သန်း အထိ ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

ဘာစီလိုနာသည် ဆီတိန်းကို ထုတ်ပယ်ပြီးနောက် နယ်သာလန်နည်းပြရော်နယ် ကိုးမန်းကို ခန့်အပ်ထားသည်။ ရော်နယ်ကိုးမန်းသည် လာလီဂါအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗီလာရီးရဲလ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment