ဘာကာပစ်မှတ် ဝီနယ်ဒမ်ကို ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်သည့် လီဗာပူး

လီဗာပူးသည် ဘာစီလိုနာပစ်မှတ်ထားသည့် ကွင်းလယ်ကစားသမားဂီနီဝီနယ် ဒမ်အား ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်သည်။ လီဗာပူးက နယ်သာလန်လက်ရွေး ကစားသမားကို ခေါ်ယူလိုပါက ဘာစီလိုနာအနေဖြင့် ပေါင် ၁၅ သန်းပေးရမှာ ဖြစ် ကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ရော်နယ်ကိုးမန်းသည် လီဗာပူးနှင့် ၁၂ လစာချုပ်သာ ကျန်တော့သည့် ဝီနယ်ဒမ်အား ဘာစီလိုနာသို့ ခေါ်ယူလိုနေသည်။ သို့ရာတွင် ဘာစီလိုနာသည် အသက် ၂၉ နှစ်ရှိပြီဖြစ်သည့် ဝီနယ်ဒန်အတွက် ပေါင် ၁၀ သန်းသာ အသုံးပြုလိုနေသည်။

လီဗာပူးသည် ဝီနယ်ဒမ်ကို လွန်ခဲ့သည့် လေးနှစ်တုန်းက နယူးကာဆယ်မှ ခေါ်ယူခဲ့စဉ်က ပေါင် ၂၃ သန်းအထိ အသုံးပြုခဲ့ကာ ယင်းပမာဏဖြင့် ရောင်းချလိုခြင်း မရှိဘဲ အနည်းဆုံး ပေါင် ၁၅ သန်း ရရှိလိုနေသည်။

ထို့အပြင် လီဗာပူးနည်းပြဂျာဂင်ကလော့ပ်သည် ဘိုင်ယန်မြူးနစ်၏တီယာဂိုအား ခေါ်ယူရေးအတွက် ငွေကြေးလိုအပ်နေရာ ဝီနယ်ဒမ်ကို မဖြစ်မနေ ရောင်းချရမည့် အခြေအနေတွင် ရှိနေသည်။ ဘိုင်ယန်သည် တီယာဂိုအတွက် ပေါင်သန်း ၃၀ ရရှိလိုနေသည်။

အခြားတစ်ဖက်မှာ လီဗာပူးပိုင်ရှင်များသည် လာမည့် နွေရာသီတွင် ဝီနယ်ဒမ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုခြင်း မရှိရာ ရောင်းချရန် သေချာနေပြီး လီဗာပူးနှင့်ဘာစီလိုနာတို့အကြား ဆွေးနွေးမှုမှာ အောင်မြင်လာရန် သေချာနေသည်။

ကိုးမန်းသည် နယ်သာလန်ကို ကိုင်တွယ်စဉ် ကာလအတွင်း ဝီနယ်ဒန်၏ခြေစွမ်းကို သိရှိထားကာ သူ့ကို နျူးကမ့်တွင် မြင်တွေ့လိုနေသည်။

Facebook Comments Box
Facebook Comment