ဘာကာနဲ့ ရင်ဆိုင်ဖို့ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေတဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစားနိုင်ရေးအတွက် COVID-19 ဆေးစစ်မှုကို ထပ်မံလုပ်ဆောင်ထားကြောင်း အီတလီ မီဒီယာများက ဖော်ပြသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် ပေါ်တူဂီ အသင်းအတွက် ကစားပေးရန် လက်ရွေးစင် အသင်းဖော်များနှင့် အတူရှိနေစဉ် အောက်တိုဘာ ၁၃ ရက်က COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ခံထားရသော ရော်နယ်ဒိုသည် ပေါ်တူဂီမှ အီတလီသို့ သီးသန့်လေယာဉ်ဖြင့် ပြန်လာပြီးနောက် တူရင်ရှိ နေအိမ်တွင် တစ်ဦးတည်း သီးခြားနေထိုင်လျက် ရှိသည်။

၎င်းသည် ပြီးခဲ့သည့် ကြာသပတေးက COVID-19 ထပ်စစ်ခဲ့ရာ ဗိုင်းရပ်စ်ပိုး မပျောက်သေးဘဲ ဆက်လက်ရှိနေသောကြောင့် အောက်တိုဘာ ၂၈ ရက်(မနက်ဖြန်)တွင် ဘာစီလိုနာအား ဧည့်ခံကစားရမည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ကို လွဲချော်ရမည် ဖြစ်သည်။

ထို့ကြောင့် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့မည့်ပွဲအား မျှော်လင့်အားခဲထားသည့် ပရိသတ်များအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။

သို့သော်လည်း ဂျူဗင်တပ်စ်က လက်လျှော့ခြင်းမရှိသေးဘဲ မနက်ဖြန် အီတလီစံတော်ချိန် ည ၈ နာရီ ကစားမည့် ပွဲချိန်မတိုင်မီ ၂၄ နာရီအလို(ယနေ့ည မြန်မာစံတော်ချိန် ည ၁ နာရီခွဲ)အလိုတွင် ရော်နယ်ဒိုတွင် ဗိုင်းရပ်စ်ကင်းစင်ကြောင်း Negative အဖြေဖြင့် ကစားခွင့်ရရန် ကြိုးစား နေသည်။

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုကလည်း ရော်နယ်ဒို၏ swab အဖြေ Negative ထွက်ရန် စောင့်ဆိုင်းနေသည်ဟုလည်း ပြေသည်။

Ref:GazzettaDelloSport

Facebook Comments Box
Facebook Comment