ဘာကာတွင် ပရော်ဖက်ရှင်နယ်ပီသသည့် ကစားသမား ၁၃ ဦးသာ ရှိကြောင်း ဗီဒယ် အပြင်းအထန်ဝေဖန်

အာတူရိုဗီဒယ်က ဘာစီလိုနာတွင် ပရော်ဖက်ရှင်နယ်ကစားသမား ၁၃ ဦးတည်းသာ အပြင်းအထန်ဝေဖန်ပြောကြားလိုက်သည်။ ဘာစီလိုနာသည် ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဖြင့် အရှက်တကွဲရှုံးနိမ့်မှု၊ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဖလားလက်မဲ့ရာသီကြုံခဲ့မှုတို့၏နောက်ဆုံးတွဲအဖြစ် မက်ဆီက ထွက်ခွာခွင့် တောင်းဆိုထားသည်။

မက်ဆီ ထွက်ခွာခွင့်တောင်းဆိုထားသည့် သတင်းမှာ ပေါက်ကြားမှု ဖြစ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဘာစီလိုနာသည် အသံတိတ်ဆိတ်နေကာ မက်ဆီအား အသင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တံခါးပိတ်လုပ်ဆောင်နေသည်။

ဗီဒယ်က “ပြီးခဲ့တဲ့သုံးနှစ်က ဘာစီလိုနာဟာ ဘာစီလိုနာလိုရှိမနေခဲ့ဘူး။ ကမ္ဘာ့ အကောင်းဆုံးအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမား ၁၃ ဦးတည်းသာ ရှိမနေပါဘူး။ ပါရမီတစ်ခုတည်းနဲ့ ပွဲတိုင်းအနိုင်မရနိုင်ပါဘူး။ မက်ဆီက ကမ္ဘာ့အ ကောင်းဆုံးကစားသမားပါ။ အခြားဂြိုလ်ကမ္ဘာက ရောက်လာသူပါ။ ဒါပေမယ့် ပိုကောင်းတဲ့ရလဒ်ရရှိလာဖို့အတွက် သူ့ကို အကူအညီပေးဖို့ လိုပါတယ်။ ဒီလောက (အပြောင်းအရွှေ့)နဲ့ပတ်သက်ပြီး ကျွန်တော် သိနားမလည်ဘူး။ ရုပ်လည်း ဆိုးလွန်းတယ်။ ကစားသမားတစ်ဦးက အသင်းပြောင်းချင်တယ်၊ သူ့ကို ရောင်းချတယ်ဆိုရင် အသင်းတစ်သင်းရှာလိုက်ရုံပါပဲ။ ဒီလောက်နဲ့ မပြီးပါဘူး။ ဒီလောက်မရိုးစင်းပါဘူး။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိဖို့လည်း လိုပါတယ်”ဟု ပြောကြားသွားသည်။

ဗီဒယ်သည် ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်း အလိုမရှိတော့သည့် ကစားသမားများ စာရင်းတွင် ပါဝင်နေရာ နျူးကမ့်တွင် ဆက်ရှိရန် အလားအလာ များနေသူလည်း ဖြစ်သည်။ သို့ရာတွင် ၎င်းကို အင်တာမီလန်၊ ဂျူဗင်တပ်တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကသည်။

ဆက်လက်ပြီး ဗီဒယ်က မိမိမှာ ဘာစီလိုနာ၏မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်တွင် မည်သည့်အခါမျှ ကစားသွားမည်မဟုတ်ကြောင်း ပြောကြားသွားသည်။

ဗီဒယ်သည် ၂၀၁၈ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာသို့ ရောက်လာခဲ့ပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် ၉၆ ပွဲကစားထားကာ ဆုဖလားနှစ်လုံး ဆွတ်ခူးထားနိုင်သည်။

Facebook Comments Box
Facebook Comment