ဘာကာကို မကိုင်ဘူးလို့ ပြောခဲ့တဲ့အတွက် နောင်တရနေတဲ့ ပိုချက်တီနို

စပါးနည်းပြဟောင်း ပိုချက်တီနိုက ဘာစီလိုနာအသင်းအား ဘယ်တော့မှ ကိုင်တွယ်လိမ့်မည် မဟုတ်ဟု ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ မှားယွင်းကြောင်း ဝန်ခံလိုက်သည်။

အသက် ၄၈ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုသည် လန်ဒန်အခြေစိုက်ကလပ်အား အသင်းကြီးတစ်သင်းအဖြစ် ပုံဖော်နိုင်ခဲ့သလို ၂၀၁၈-၂၀၁၉ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ၎င်း၏အရည်အချင်းကို သဘောကျသောကြောင့် နည်းပြအဖြစ် ခန့်အပ်ရန် ချဉ် းကပ်ခဲ့သော်လည်း ပိုချက်တီနိုက နူးကမ့်အခြေစိုက်ကလပ်၏ ခါးသီးပြိုင်ဘက် အက်စပန်ညိုအသင်းအား က စားသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ဆောင်ရွက်ဖူးခြင်းကြောင့် ဘာစီလိုနာကို မည်သည့်အချိန်တွင်မှ ကိုင်တွယ်မည်မဟုတ်ဟု ပြောခဲ့ဖူးသည်။

၂၀၁၉ နိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ်တွင် အဆင့် ၁၄ တွင်သာ ရပ်တည်နေရသောကြောင့် စပါးအ သင်းသည် ပိုချက်တီနိုကို ထုတ်ပယ်ကာ ပေါ်တူဂီနည်းပြ မော်ရင်ညိုနှင့် အစားထိုးခဲ့သည်။

ဘာစီလိုနာအသင်းသည် ဆက်တီယန်ကို ထုတ်ပယ်ပြီးနောက် နည်းပြလျာထားစာရင်းတွင် ပိုချက်တီနိုကို ထိပ်ဆုံးမှ ထည့်သွင်းခဲ့သော်လည်း တစ်ချိန်က ၎င်းပြောဖူးသော စကားအရ ဆွေးနွေးခြင်းပင်မရှိဘဲ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းကိုသာ ခန့်အပ်ခဲ့သည်။

ပိုချက်တီနိုက “ဘာစီလိုနာ ပရိသတ်တွေက ကျွန်တော့်ကိုလက်ခံဖို့ အင်တင်တင် ဖြစ်နေလိမ့်မယ်လို့ ကျွန် တော် ထင်တယ်။ ဒါပေမဲ့ ဘာစီလိုနာကို စီမံခန့်ခွဲခွင့်ရဖို့ ကမ်းလှမ်းတာမျိုး ဘယ်တုန်းကမှ မရခဲ့ပါဘူး။ အ နာဂတ်တစ်ချိန်မှာ ဘာစီလိုနာကို ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တဲ့အတွက် ကျွန်တော် မှားခဲ့ပါ တယ် ” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment