ဘရိုက်တန်နှင့်ပွဲတွင် ဖာနန်ဒက်စ်ကို သုံးပြီးနောက် စပို့တင်းကို မန်ယူ ယူရိုသန်းများစွာ ပေးရတော့မည်

မန်ယူသည် ဘရိုက်တန်အား အနိုင်ရရှိသည့်ပွဲတွင် ဘရူနိုဖာနန်ဒက်စ်အား အသုံးပြုပြီးနောက် စပို့တင်းလစ္စဘွန်းသို့ ယူရို ၅ သန်းပေးရတော့မည် ဖြစ်ကြောင်း သိရသည်။

မန်ယူသည် ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက ဖာနန်ဒက်စ်ကို ယူရို ၅၅ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း စာချုပ်အတွင်းတွင် ပြောင်းရွှေ့ကြေးပမာဏမှာ ယူရိုသန်း ၈၀ အထိ မြင့်တက်သွားနိုင်သည့် အချက်များကို ထည့်သွင်းချုပ်ဆိုထားသည်။

မန်ယူသည် ပြီးခဲ့သည့် ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီးနောက် စပို့တင်းလစ္စဘွန်းကို ယူရို ၃ သန်း ပေးခဲ့ရပြီး ဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် ဘရိုက်တန်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် မန်ယူအတွက် ပရီးမီးယားလိဂ် ၂၅ ပွဲ မြောက် ပွဲအား ကစားခဲ့ခြင်းဖြစ်ပြီး မန်ယူမှာ စာချုပ်ပါ အချက်အတိုင်း ယူရို ၅ သန်း ပေးရတော့မည် ဖြစ်သည်။

ဘရိုက်တန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဖာနန်ဒက်စ်သည် နာကျင်အချိန်ပိုတွင် ရရှိသည့် ပင်နယ်တီမှ တဆင့် မန်ယူအတွက် အနိုင်ဂိုး သွင်းယူကာ အဖိုးတန် ရမှတ် ၃ မှတ် ရယူပေးခဲ့သည်။

Facebook Comments Box
Facebook Comment