ဘရိုက်တန်နှင့်ပွဲတွင် ဇီရက်ချ်၊ ဆေးလ်ဗားနှင့် ဘန်ချီဝဲလ်တို့ မပါဝင်နိုင်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ယခုနွေရာသီတွင် ခေါ်ယူထားသည့် ကွင်းလယ်လူ ဟာကင်ဇီရက်ချ်၊ နောက်ခံလူ သီယာဂိုဆေးလ်ဗားနှင့် ဘန်ချီဝဲလ်တို့သည် စက်တင်ဘာ ၁၄ ရက်တွင် ဘရိုက်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အား လွဲချော်ရမည်ဟု အတည်ပြုသည်။

ချဲလ်ဆီးသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် တီမိုဝါနာ၊ ဇီရက်ချ်၊ ဘန်ချီဝဲလ်၊ ဆေးလ်ဗား၊ မာလန် ဆား၊ အမ်ဘူရမ်ဘာတို့ကို ပေါင် သန်း ၂၀၀ ကျော်ဖြင့် ခေါ်ယူထားသည်။

သို့သော်လည်း ထိုအထဲမှ ကစားသမားသစ် ၃ ဦးသည် ကြံ့ခိုင်မှုမပြည့်ဝခြင်း၊ ဒဏ်ရာရရှိထားခြင်းတို့ကြောင့် ဘရိုက်တန်နှင့်ကစားမည့် ရာသီအဖွင့်ပွဲစဉ်နှင့် လွဲချော်ရတော့မည် ဖြစ်သည်။

အေဂျက်စ်မှ ပေါင် ၃၆ သန်းဖြင့် ပြောင်းလာသော ဇီရက်ချ်သည် ဘရိုက်တန်နှင့်ခြေစမ်းပွဲတွင် ဒူးဒဏ်ရာရ ကာ မသက်သာသေးသလို ဆေးလ်ဗားနှင့် ဘန်ချီဝဲလ်တို့မှာလည်း ကြံ့ခိုင်မှု အပြည့်အဝ မရသေးပေ။

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လမ်းပတ်က “ဇီရက်ချ်က ဘရိုက်တန်နဲ့ကစားတဲ့ ခြေစမ်းပွဲ မှာ ဒူးဒဏ်ရာရခဲ့တယ်။ သူ အဆင်သင့် မဖြစ်နိုင်ပါဘူး။ ဘန်ချီဝဲလ်ကတော့ ကြံ့ခိုင်မှုပိုင်းကို လုပ်နေတယ်။ သူလည်း အသင့်မဖြစ်သေးပေမယ့် တိုးတက်မှုတွေ ရလာတာက ကျွန်တော်တို့အတွက် သတင်းကောင်းပါ ပဲ။ သီယာဂိုဆေးလ်ဗားကတော့ လန်ဒန်မှာ ရှိနေပေမယ့် ဒီရက်သတ္တပတ်ကုန်အထိ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နိုင်ဦးမှာ မဟုတ်ပါဘူး” ပြောသည်။

ဆက်လက်၍ ၎င်းက ယခုနွေရာသီတွင် ငွေအမြောက်အများ သုံးစွဲထားသော်လည်း ထိုသို့ပြုလုပ်ခြင်းက အောင်မြင်မှုများ ရယူနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ပရိသတ်များအား သတိပေးခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment