
ဘရာဇီးလ် အမျိုးသမီးအသင်း အမျိုးသားအသင်းလိုပဲ ခံစားခွင့်ရရှိမည်
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ကျားမ တန်းတူညီမျှရှိမှုကို အသိအမှတ် ပြုသည့်အနေဖြင့် အမျိုးသမီး လက်ရွေးစင်အသင်း၏ ဆုကြေးငွေများကို အမျိုးသား လက်ရွေးစင်အသင်းနှင့် တန်းတူပေးအပ်မည်ဟု ကြေညာလိုက် သည်။
ယခင်ကဆိုလျှင် ဘရာဇီးလ် အမျိုးသမီးအသင်းသည် ဆုကြေးငွေများ ခွဲ ယူရာတွင်၊ နေ့စဉ်နေ့ကျင့်စရိတ် ရယူရာတွင် အမျိုးသားအသင်းထက် လျော့နည်းရရှိခဲ့သည်။
ထို့ကြောင့် အသင်းခေါင်းဆောင် မာတာအပါအဝင် အဓိက ကစားသမားအ ချို့က အမျိုးသား လက်ရွေးစင်အသင်းအား ထောက်ပံ့သလို အမျိုးသမီးအသင်းကိုလည်း တန်းတူထောက်ပံ့ရမည်ဟု တောင်းဆိုခဲ့သည်။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဘိုကလိုက “ဒီနှစ် မတ်လကစပြီး အမျိုးသား လက်ရွေးစင်အသင်းနဲ့ အမျိုးသမီး လက်ရွေးစင်အသင်းကို နေ့ စဉ်စရိတ်၊ ဆုကြေးငွေတွေကို အတူတူ ပေးခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီဆိုတာနဲ့ ကစားသမားအားလုံး ကျားမ မခွဲခြားဘဲ ခံစားခွင့် အတူတူရရှိပါတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ်က အမေရိကန်လက်ရွေးစင် အမျိုးသမီးအသင်းမှ ကစားသ မား ၂၈ ဦးသည် ဆုကြေးငွေနှင့် နေ့တွက်စရိတ်များ ပေးရာတွင် အမျိုးသားအသင်းကို ပိုပေးသည့်အပေါ် ကန့်ကွက်တာ ကျားမ မခွဲခြားဘဲ တန်းတူပေးရေးအတွက် အမေရိကန် ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆိုခဲ့သည်။
လက်ရှိတွင် ဘရာဇီးလ်သည် သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေတို့လို အ မျိုးသားလက်ရွေးစင် အသင်းနှင့်အတူ ဆုကြေးအတူတူရသော အမျိုးသ မီး လက်ရွေးစင်အသင်းအဖြစ် ရပ်တည်လာပြီဖြစ်သည်။
Ref:globo