ဘန်ချဲလ်ဝဲလ်ကို ပေါင် ၄၅ သန်းဖြင့် ၅ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည့် ချဲလ်ဆီး

ချဲလ်ဆီးသည် လက်စတာမှ အင်္ဂလန်ဘယ်နောက်ခံလူဘန်ချဲလ်ဝဲလ်ကို ပြောင်းရွှေ့ ကြေးပေါင်၄၅ သန်းဖြင့် ၅ နှစ် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည်။ ချဲလ်ဝဲလ်သည် အေဂျက်စ်မှ ဟာကမ်ဇီယက်ချ်၊ လိုက်ဇစ်မှ တီမိုဝါနာတို့ပြီးနောက် ချဲလ်ဆီးသို့ ယခုနွေတွင် ရောက်လာသည့် တတိယမြောက် ကစားသမားလည်း ဖြစ်သည်။

အသက် ၂၃ နှစ်ရှိ‌ ဘန်ချဲလ်ဝဲလ်သည် လက်စတာအကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လက်စတာစီနီယာအသင်းအတွက် ကစားခွင့်ရရှိခဲ့သူဖြစ်ကာ လက်စတာနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သူလည်း ဖြစ်သည်။

သူသည် ခြေထောက်ဒဏ်ရာကြောင့် ၂၀၁၉-၂၀ ရာသီ နောက်ဆုံးပွဲ ၅ ပွဲကို လွဲချော်ခဲ့သူလည်း ဖြစ်သည်။ ချဲလ်ဆီးသည် ဇူလိုင်လတုန်းက ပရီးမီးယားလိဂ် ရာသီသိမ်းပွဲတွင် လက်စတာနှင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာကို ယှဉ်ပြိုင်ရယူနိုင်ခဲ့သည်။

အင်္ဂလန်အတွက် ၁၁ ပွဲကစားခွင့်ရရှိထားသည့် ဘန်ချဲလ်ဝဲလ်က “လမ်းပတ်ရဲ့ လူရွယ်ပြီး တောင့်တင်းတဲ့အသင်းရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ လာမယ့်ရာသီမှာ ဆုဖလားတွေအတွက် ကျွန်တော်တို့ စိန်ခေါ်သွားပါမယ်။ ဖရန့်က ခြေစွမ်းကောင်းရင် လူငယ်တွေကိုလည်း ယုံကြည်စွာ သုံးတဲ့သူဖြစ်ပါတယ်။ ဒီကို ရောက်လာခွင့်ရလို့ စိတ်လှုပ်ရှားရပါတယ်။ နည်းပြရဲ့အခင်းအကျင်းက ကျွန်တော့် ကစားဟန်နဲ့ကိုက်ညီတယ်လို့ ထင်ပါတယ်”ဟု ပြောကြားသွားသည်။

ချဲလ်ဝဲလ်သည် လက်စတာစီးတီးအတွက် ၁၂၃ ပွဲကစားကာ ၄ ဂိုးသွင်းယူထားသည်။ သူသည် သွင်းယူသည့် လေးဂိုးမှ သုံးဂိုးမှာ ၂၀၁၉-၂၀ ရာသီတွင် သွင်းယူထားနိုင်ခြင်းဖြစ်သည်။ လက်စတာစီးတီးသည် ပြီးခဲ့သည့်နှစ်များအတွင်းတွင် အဓိကကစားသမားများဖြစ်ကြသည့် ဒန်နီဒရင့်ဝါတား၊ အန်ဂိုလိုကန်တီ၊ ရီယက်ဇ်မရာ့ဇ်၊ ဟယ်ရီမက်ဂွိုင်းယားစသည့် ကစားသမားများအား ချဲလ်ဆီး၊ မန်စီးတီး၊ မန်ယူစသည့်အသင်းများသို့ ရောင်းချခဲ့ရာတွင် ပေါင်သန်း ၂၅၀ ကျော် ရရှိခဲ့သည့်အပြင် ၂၀၁၉-၂၀ ရာသီတုန်းက အာဆင်နယ်၊ စပါးစ်တို့၏အပေါ်တွင် ရပ်တည်ထားနိုင်ဆဲဖြစ်သည်။

Ref: bbc

Facebook Comments Box
Facebook Comment