ဘန်ချီဝဲလ်ကို ပေါင် သန်း ၅၀ နဲ့ခေါ်ယူတော့မယ့် ချဲလ်ဆီး

ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေသော ချဲလ်ဆီးအသင်းသည် လက်စတာအသင်းမှ အင်္ဂလန်လက်ရွေး စင် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့ပြီး လာမည့် ၃ ရက်အ တွင်း ၅ နှစ်စာချုပ်သွားမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

ချန်ပီယံလိဂ်ဝင်ခွင့်ရထားသော ချဲလ်ဆီးသည် လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာ ကို ပေါင် ၅၃ သန်း၊ အေဂျက်စ် ကွင်းလယ်လူ ဟာကင်ဇီရက်ချ်ကို ပေါင် ၃၈ သန်းတို့ဖြင့်ခေါ်ယူထားသလို လေဗာကူဆင်တောင်ပံကစားသမား ကိုင် ဟာဗက်ဇ်ကိုလည်း ပေါင် သန်း ၉၀ ဖြင့်ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိထားသည်။ ထို့ကြောင့် ဘန်ချီဝဲလ်နှင့်ဆိုလျှင် ယခုရာသီအတွက် ချဲလ်ဆီးအသင်းအသုံးပြုထားသော အပြောင်းအရွှေ့ပမာဏ က ၂၃၁ သန်းခန့်အထိ ရှိလာမည်ဖြစ်သည်။

ထို့အပြင် ချဲလ်ဆီးသည် ပီအက်စ်ဂျီမှထွက်ခွာလာသည့် ဘရာဇီးလ် နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ နိုက်စ်နောက်ခံလူ မာလန်ဆားတို့ကိုလည်း ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေသည်။

ဘန်ချီဝဲလ်သည် ခြေဖနောင့်ဒဏ်ရာကြောင့် လက်စတာအသင်း၏ ယမန်နှစ်ရာ သီပိတ် ၅ ပွဲအားလွဲချော်ခဲ့ရပြီး ခြေ စွမ်းပြကစားနေသော ၎င်းမပါဝင်နိုင်ခြင်း၏ အကျိုးဆက်အဖြစ် လက်စတာသည် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော် ကာ အဆင့် ၅ နေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

Ref: dailymail

Facebook Comments Box
Facebook Comment