
ဘက်တစ်ကို အနိုင်ယူပြီး နိုင်ပွဲပြန်ယူတော့မယ့် ဘာကာ
လာလီဂါ ပွဲစဉ် ၉ ပွဲကြို သုံးသပ်ချက်

ဟူစကာ Vs အီဘာ
ည-ရး၃၀ နာရီ(အယ်လ်ကော်ရက်ဇ်)
ဟူစကာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂၄-၄-၂၀၁၉ ဟူစကာ ၂-၀ အီဘာ
၄-၈-၂၀၁၈ ဟူစကာ ၂-၁ အီဘာ
၁၃-၉-၂၀၀၈ ဟူစကာ ၂-၀ အီဘာ
အိမ်ရှင် ဟူစကာက အဆင့် ၁၉ နေရာမှာသာ ရှိနေပြီး နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသလို အဲဒီ ၅ ပွဲမှာ ၄ ဂိုးသာသွင်းကာ ၁၀ ဂိုး ပေးထားရပါတယ်။
ဟူစကာရဲ့အဓိက အားနည်းချက်က နောက်တန်းဖြစ်ပြီး ဆန်ဒရိုရာမီရက်ဇ်၊ ရာဖာမာတို့ရဲ့တိုက်စစ်ကလည်း ဂိုးသွင်းညံ့တယ်။
အီဘာကတော့ ဟူစကာနဲ့ယှဉ်ရင် အသင်းလိုက်ကစားအား ပိုကောင်းပြီး ကွင်းလယ်မာပါတယ်။
ဟူစကာက =၇၅ ပေးထားလို့ အနိမ့်ဆုံး သရေကစားနိုင်မယ့် အီဘာကို ကြိုက်ပါတယ်။
ခန့်မှန်ရလဒ် – ဟူစကာ ၁-၁ အီဘာ

ဘာစီလိုနာ Vs ဘက်တစ်
ည ၉း၄၅ နာရီ(နူးကမ့်)
ဘာစီလိုနာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂၆-၈-၂၀၁၉ ဘာစီလိုနာ ၅-၂ ဘက်တစ်
၁၁-၁၁-၂၀၁၈ ဘာစီလိုနာ ၃-၄ ဘက်တစ်
၂၁-၈-၂၀၁၇ ဘာစီလိုနာ ၂-၀ ဘက်တစ်
အယ်လ်ကလက်စီကိုမှာ ရီးရဲလ်ကို ရှုံးနိမ့်ပြီးနောက် လာလီဂါနိုင်ပွဲ ရှာမတွေ့သေးတဲ့ ဘာစီလိုနာအတွက် ပွဲကြပ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။
ရီးရဲလ်နည်းပြဟောင်း ပယ်လီဂရီနီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်ကတော့ ၂ ပွဲဆက် ရှုံးပွဲတွေ့ပြီးမှ အယ်လ်ချီကို ပြန်နိုင်ထားလို့ စိတ်အားတက်ကြွနေပါတယ်။
ဘာစီလိုနာမှာ ကွင်းတွင်းကွင်းပြင် ပြသနာပေါင်းစုံ ရှိနေတာကြောင့် ရလဒ်တွေ ယိမ်းယိုင်နေချိန်မှာ ဘက်တစ်ကို ၁-၇၀ အကျောပေးထားပါတယ်။
ဘာစီလိုနာ နိုင်ပွဲယူမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – ဘာစီလိုနာ ၂-၀ ဘက်တစ်

ဆီဗီလာ Vs အိုဆာဆူနာ
ည ၁၂း၀၀ နာရီ(ရာမွန်ဆန်းချက်ဇ်ပစ်ဟွမ်)
ဆီဗီလာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁-၃-၂၀၂၀ ဆီဗီလာ ၃-၂ အိုဆာဆူနာ
၂၁-၅-၂၀၁၇ ဆီဗီလာ ၅-၀ အိုဆာဆူနာ
၂၇-၁၀-၂၀၁၃ ဆီဗီလာ ၂-၁ အိုဆာဆူနာ
ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာဟာ ရလဒ်တွေဆိုးနေပြီး လာလီဂါ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ကာ ၁ မှတ်သာ ရယူထားနိုင်လို့ အဆင့် ၁၆ နေရာမှာ သာ ရပ်တည်နေပါတယ်။
အိုဆာဆူနာကတော့ နောက်ဆုံးပွဲမှာ အက်သလက်တီကို ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဲဒီပွဲမတိုင်မီ ၃ ပွဲက ရှုံးပွဲမရှိဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားပါတယ်။
အိုဆာဆူနာက အသင်းကြီးတွေဆိုရင် ဒုက္ခပေးလေ့ရှိပြီး ဆီဗီလာရဲ့၁+၂၀ ဆိုတဲ့ ဖွင့်လှစ်မှုက ပျော့နေလို့ ဧည့်သည်နဲ့ အရဲစွန့်မယ်။
ခန့်မှန်းရလဒ် – ဆီဗီလာ ၁-၁ အိုဆာဆူနာ

အက်သလက်တီကို Vs ကာဒစ်ဇ်
ည ၂း၃၀ နာရီ(ဝမ်ဒါမက်ထရိုပိုလီတာနို)
တီကိုကွင်း နောက်ဆုံးအကြိမ် တွေ့ဆုံမှု
၂၈-၁၀-၂၀၀၅ တီကို ၃-၀ ကာဒစ်ဇ်
တီကိုဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားကာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး ယာအိုဖိလစ်၊ ဆွာရက်ဇ် တိုက်စစ်အတွဲကလည်း ဂိုးမြူးနေပါတယ်။
တန်းတက် ကာဒစ်ဇ်ကလည်း နည်းပြအယ်လ်ဗာရို လက်ထက်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး လာလီဂါ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင်၊ ၂ ပွဲသရေ ကစားကာ တီကိုရဲ့အောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
တီကိုက ၁-၃၀ ဖွင့်လှစ်ထားပြီး ကာဒစ်ဇ်မှာ ဆီဗီလာ၊ မန်စီးတီး၊ ဗလန်စီယာတို့မှာ ကစားဖူးတဲ့ တိုက်စစ်မှူး နီဂရီဒို ရှိကာတီကို နိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့ ကာဒစ်ဇ်နဲ့ လက်တွဲမယ်။
ခန့်မှန်းရလဒ် – တီကို ၂-၁ ကာဒစ်ဇ်