
ဗြိတိန်အစိုးရက ပြည်ဝင်ခွင့်ပေးလိုက်၍ အင်္ဂလန်-အိုက်စလန်ပွဲကို ဝင်ဘာလေတွင် ကစားမည်
ဗြိတိန်အစိုးရက အိုက်စလန်အသင်းကို ပြည်ဝင်ခွင့်ပေးလိုက်မှုကြောင့် အင်္ဂလန်အသင်းနှင့် နေးရှင်းလိဂ်ပွဲစဉ်ကို သတ်မှတ်ထားသည့်အတိုင်း အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဝင်ဘာလေကွင်း၌ ကစားသွားတော့မည် ဖြစ်သည်။

ဗြိတိန်အစိုးရသည် ဒိန်းမတ်သို့ ခရီးသွားခဲ့သည့် ဗြိတိန်မဟုတ်သည့်သူများအား ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။ ဗြိတိန်အစိုးရသည် နိုင်ငံကို လော့ဒေါင်းချပြီးနောက် ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် ဒိန်းမတ်မှ ဗြိတိန်မဟုတ်သည့် ခရီးသွားများကို ပိတ်ပင်ထားပြီး ဗြိတိန်တွင် နေထိုင်သူ (သို့မဟုတ်)နိုင်ငံသားဖြစ်ပါက ပြန်ရောက်လာချိန်တွင် ၁၄ ရက် ကွာရန်တေး ဝင်ရမည်ဟု ကြေညာထားသည်။

အိုက်စလန်သည် အင်္ဂလန်နှင့် ရင်မဆိုင်မီ ၃ ရက်တွင် ဒိန်းမတ်သို့ သွားရောက်ကာ နေးရှင်းလိဂ်ပွဲ ကစားရမည် ဖြစ်သည်။ ထို့ကြောင့် အိုက်စလန်အသင်းသည် လန်ဒန်သို့ လာရောက်ရန် အခက်တွေ့နေသည်။
အက်ဖ်အေသည် ဗြိတိန်အစိုးရ၏ ပြည်ဝင်ခွင့် ပိတ်ပင်မှုကြောင့် အင်္ဂလန်-အိုက်စလန်ပွဲကို အယ်ဘေးနီးယား(သို့)ဂရိ (သို့မဟုတ်)ဂျာမနီတွင် သွားကစားရမည့် အခြေအနေမျိုးတွင် ရင်ဆိုင်ခဲ့ရသည်။
သို့ရာတွင် အက်ဖ်အေသည် ဗြိတိန်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အိုက်စလန်အား ပြည်ဝင်ခွင့်ပေးလိုက်ပြီ ဖြစ်သည်။