ဗြိတိန်သား နည်းပြတွေကို တောက်ချပြီး အကောင်းဆုံး နည်းပြဆု ယူသွားတဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအား ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်သည့် ဂျာမန်သားနည်းပြဖြစ်လာခဲ့သည်။


ကလော့ပ်သည် အဆိုပါဆုကို ဗြိတိန်သား နည်းပြများ ဖြစ်ကြသော ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါတို့ကိုကျော်ဖြတ်၍ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


အသက် ၅၃ နှစ်အရွယ် စတုဂတ်ဇာတိဖွား ကလော့ပ်သည် ယခုနှစ် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တွင် လီဗာပူးလ်အသင်းနှင့် ဆယ်စုနှစ် ၃ ခုကြာဝေးကွာနေသော အမှတ်ပေးချန်ပီယံဆုဖလားကို ပထ မဆုံးအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့သည်။


ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်သည် လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရ မှတ်အများဆုံးစံချိန်အဖြစ် ၉၉ မှတ်ရရှိကာ ဒုတိယနေရာမှ မန်စီးတီးအသင်းအား ၁၈ မှတ်အထိဖြတ် ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


ပွဲစဉ် ၃၈ ပွဲအနက် ၃၂ ပွဲနိုင်ကာ ပွဲစဉ် ၂၇ အထိ ရှုံးပွဲမရှိ ဘဲ ၂ ပွဲသာ သရေကျခဲ့သောကြောင့် ၎င်းသည် ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြ ဆုအား ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့သည်။


အဆိုပါဆုအား ၁၉၉၄ ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး မန်ယူနည်းပြဟောင်း အဲလက်စ်ဖာဂူဆန်က ၁၁ ကြိမ်ရယူကာ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသလို အာစင်ဝင်းဂါး(၃ ကြိမ်)၊ ဟိုဆေးမော်ရင်ညို(၃ ကြိမ်)၊ ဂွါဒီယိုလာ(၂ ကြိမ်)၊ ဟယ်ရီ ရက်ဒ်နပ်၊ အလန်ပါဂျူး၊ တိုနီပူးလစ်၊ ရာနီရေရီ၊ ကွန်တီတို့လည်း ရယူဖူးသည်။


ထူးခြားချက်က ဂျာမန်နည်းပြများအနေဖြင့် ထိုဆုအား ရယူနိုင်ခြင်းမရှိဘဲ ယခုနှစ်ကျမှသာ ကလော့ပ် က ပထမဆုံး မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

Facebook Comments Box
Facebook Comment