ဗလင်စီယာ၏ ဘဏ္ဍာရေး အခြေအနေ ထင်မှတ်ထားသည်ထက် ဆိုးရွားနေ

ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေမှုကြောင့် အသင်းခေါင်းဆောင်ဒါနီပါရီဂျိုနှင့် ပြင်သစ်ကွင်းလယ်ကစားသမားကိုကွီလင်တို့အား မြို့ခံပြိုင်ဘက်ကလပ် ဗီလာရီးရဲလ်သို့ လည်းကောင်း၊ ဖာရန် တောရက်စ်ကို မန်စီးတီးသို့ လည်းကောင်း ရောင်းချထားရသည့် ဗလင်စီယာအသင်း၏ဘဏ္ဍာရေ းအခြေအနေမှာ ထင်မှတ်ထားသည်ထက် ဆိုးရွားလျက်ရှိနေကြောင်း သိရသည်။


ဗလင်စီယာသည် လာမည့် ၂၀၂၀-၂၁ ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်မရရှိမှု၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအား အကြီးအကျယ် ထိခိုက်မှုနှင့်အတူ ဘဏ္ဍာရေးအခြေအနေ ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်။ ယင်းသို့ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားမှုနှင့်အတူ ဗလင်စီယာသည် လာမည့်ရာသီတွင် ကစားသမားလုပ်ခ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချရမည့်အပြင် ပထမအသင်းမှ ကစားသမား ၁၂ ဦးအထိ ရရှိရမှာဖြစ်ကြောင်း သတင်းထွက်နေသည်။


ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ဗလင်စီယာသည် ၂၀၁၉-၂၀ ရာသီအတွက် ကစားသမားများ၏လုပ်ခကိုပင် အပြည့်အဝ မပေးချေနိုင်သေးကြောင်း သိရသည်။ ထိုမျှမက ဗလင်စီယာသည် ၂၀၁၉-၂၀ ရာသီအတွက် ကစားသမားလုပ်ခကြွေးကျန်များကို မည်သည့်ကလပ်တွေ ပေးချေမည်ဆိုသည်ကိုပင် အတိအကျ ကတိပေးနိုင်ခြင်း မရှိသေးချေ၊
ဗလင်စီယာကစားသမားများဖြစ်ကြသည့် ရိုဒရီဂိုမိုရီနို၊ ဟိုဆေးလူးဝစ်ဂါယာနှင့် ဂျင်မီကော့စတာတို့သည် ဇွန်လမှ စတင်ပြီး လုပ်ခများ မပေးချေလာမှုနှင့်ပတ်သက်ပြီး ဗလင်စီယာဥက္ကဌမာတီနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းသည်။ သို့ရာတွင် ဗလင်စီယာဥက္ကဌက လုပ်ခကြွေးကျန်များကို လာမည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ၁၅ လအတွင်းတွင် ပေးချေမည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းကာလအတွင်းမှာ သေချာပေါက် ရရှိမည်ဆိုသည့် ကတိစကားကိုကား ကစားသမားတို့ ရရှိခဲ့ခြင်း မရှိချေ။


ပြီးခဲ့သည့်အပတ်တုန်းက ဗလင်စီယာပရိသတ်များသည် မက်စီတဲလ်လားကွင်းတွင် စုဝေးကာ အသင်းပိုင်ရှင် စင်္ကာပူဘီလျှံနာပီတာလမ်အား အသင်းမှ ထွက်ခွာရန် သပိတ်မှောက်ခဲ့ကြပြီး ဗလင်စီယာမှာ သေဆုံးသွားဆိုသည့် သဘောကို ပြသသော အားဖြင့် အသင်း၏ဈာပနကိုလည်း ပြုလုပ်ခဲ့ကြသည်။

Ref: football Espana

Facebook Comments Box
Facebook Comment