ဗန်ဒိုက်နေရာတွင် အစားထိုးရန် ရှော်လ်ကေးနောက်ခံလူ ခါဘက်ကိုခေါ်ယူရေး လီဗာပူး ဆွေးနွေးနေ

လီဗာပူးသည် လာမည့်နှစ်သစ်ကူးတွင် လူငယ်နောက်ခံလူအိုဇန်ခါဘစ်အား ခေါ်ယူရန် ရှော်လ်ကေးအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လီဗာပူးသည် အဓိကနောက်ခံလူဗန်ဒိုက်မှာ ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရမည်ဖြစ်၍ နောက်ခံလူတစ်ဦး အားဖြည့်ရန် လိုအပ်နေပြီး အသက် ၂၀ နှစ်ရှိ တူရကီလက်ရွေးစင်နောက်ခံလူကို အန်ဖီးလ်သို့ ခေါ်ယူလိုနေသည်။

လီဗာပူးနည်းပြကလော့ပ်သည် ခါဘက်၏ပရိသတ်တစ်ဦးဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့တွင် ခေါ်ယူလိုနေသည်။

ရှော်လ်ကေးသည် ကိုဗစ်ကာလမတိုင်မီတုန်းက ခါဘက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ခဲ့ပြီး ကိုဗစ်ကြောင့် ကစားသမားတန်ဖိုးကျဆင်းသွားသော်လည်း အနည်းဆုံး ပေါင်သန်း ၃၀ ရရှိလိုနေသည်။

လီဗာပူးသည် ခါဘက်အတွက် ပေါင်သန်း ၂၀ အပြင် အပိုဆုကြေးများ ထပ်မံပေးမည့် အချက်များဖြင့် ကမ်းလှမ်းထားသည်။

ရှော်လ်ကေးသည် ၂၀၁၉ ခုနှစ်၊ နွေရာသီတုန်းက ခါဘက်ကို စတုဂတ်မှ စာချုပ်ပါအချက်အတိုင်း ပေါင် ၁၃ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သူသည် တူရကီယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈တို့တွင်လည်း ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ တူရကီအသင်းကြီးတွင် ကစားခွင့်ရလာခဲ့သည်။ သူသည် တူရကီအသင်းအတွက် ၄ ပွဲကစားခွင့် ရရှိထားသည်။

သူသည် ရှော်လ်ကေးအတွက် ၂၃ ပွဲကစားကာ ၃ ဂိုးသွင်းယူထားသည်။

Facebook Comments Box
Facebook Comment