ဖူလ်ဟမ်နှင့်ပွဲတွင် ဝီလျံနှင့် မာဂယ်ဟေးစ်တို့ ပွဲထွက်နိုင်ဟု အာတီတာ ဖွင့်ဟ

ယနေ့ညနေ ဖူလ်ဟမ်နှင့် ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် အသစ်ခေါ်ယူထားသော ဘရာ ဇီးလ် တောင်ပံကစားသမား ဝီလျံနှင့် နောက်ခံလူ ဂါဘရီရယ်မာဂယ်ဟေးစ်တို့ ပွဲထွက်လူစာရင်းမှ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း အာဆင်နယ်နည်းပြ အာတီတာက အရိပ် အမြွက် ဖွင့်ဟလိုက်သည်။

ယမန်နှစ်ရာသီက အဆင့် ၈ သာရကာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး လိဂ်ရပ် တည်မှုအဖြစ် မှတ်တမ်းဝင်သွားသော အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်သည် ရာ သီအဖွင့်ပွဲအဖြစ် ချန်ပီ ယံရှစ်မှ တန်းလာလာသော ဖူလ်ဟမ်နှင့် ခရာဗင်ကော့တိတ်ချ်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

လက်ရှိတွင် အာဆင်နယ် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်မှာ လည်ပင်းဒဏ်ရာကြောင့် မကစားနိုင်သေးသလို ဆိုကရာတစ်၊ ချမ်ဘာ၊ မူစတာဖီ၊ ပက်ဘလိုမာရီတို့မှာလည်း ဒဏ်ရာအ ခြေအနေ၊ ကြံ့ခိုင်မှုအခြေအနေများကြောင့် ဖူလ်ဟမ်နှင့်ပွဲအား လွဲချော်ရဖွယ်ရှိနေသည်။

ထို့ကြောင့် ယမန်နှစ်ရာသီက အသုံးပြုကာ အောင်မြင်ခဲ့သည့် ၃-၄-၃ ကစားကွက်အရ လိုင်လီမှ ပေါင် ၂၇ သန်းဖြင့် ပြောင်းရွှေ့လာသော မာဂယ်ဟေးစ်က ဝီလျံဆာလီဘာ၊ ရော့ဘ်ဟိုလ်ဒင်းတို့နှင့်အတူ အာဆင်နယ်နောက်တန်းကို ဦးဆောင်ကစားသွားဖွယ် ရှိနေသည်။

ချဲလ်ဆီးမှ ၃ နှစ်စာချုပ်ဖြင့် အလွတ်ပြောင်းရွှေ့လာသူ ဝီလျံကို အာတီတာက အသင်း၏ သော့ ချက်ကစားသမား ဖြစ်လာနိုင်မည်ဟု ချီးကျူးသလို လိဒ်စ်နှင့်ပွဲအား အနိုင်ကစားသွားမည်ဟုလည်း ပြောသည်။

“သူတို့နှစ်ယောက် လေ့ကျင့်တာက အရမ်းကောင်းပါတယ်။ အသင်းနဲ့လည်း အမြန်ဆုံး အ ထိုင်ကျလာတယ်။ သူတို့နှစ်ယောက် ကျွန်တော်တို့နဲ့ အတူရှိနေတာက အံ့အားသင့်စရာပဲ။ နှစ်ဖက်စလုံးအတွက် ခွန်အားသစ်တွေ တိုးပွားလာသလို ခံစားမိတယ်” ဟု အာတီတာက ဆိုသည်။

Ref:Metro

Facebook Comments Box
Facebook Comment