ဖီးလ်ဖိုဒန်၏ နောက်ထပ် အညှီအဟောက် ဇာတ်လမ်းတစ်ပုဒ် ထပ်မံထွက်ပေါ်လာ

အင်္ဂလန်လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပွဲကစားရန် အိုက်စလန်သို့ရောက်နေစဉ် ဟိုတယ်ခန်းအတွင်း မိန်းကလေးများ ခေါ်ဆောင်လာမှုကြောင့် ဝေဖန်မှုနှင့် ရင်ဆိုင်နေရသော မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်အတွက် နောက်ထပ်အရှက်ရစရာ လိင်ပိုင်းဆိုင်ရာကိစ္စတစ်ခု ထပ်မံထွက်ပေါ်လာကြောင်း The Sun သတင်းစာက ဖော်ပြသည်။

ဖိုဒန်နှင့် သူငယ်ချင်းဖြစ်သူ မန်ယူတိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်တို့သည် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အိုက်စလန်နှင့်ကစားရန် အိုက်စလန်သို့ရောက်နေစဉ် ကိုရိုနာဗိုင်းရပ်စ် စည်း မျဉ်းများကို ချိုးဖောက်ကာ ဟိုတယ်ခန်းအတွင်း အိုက်စလန်သူ အချောအလှလေးများကို ခေါ်ဆောင်ခဲ့သည်။

အိမ်ရှင်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဖိုဒန်က ပွဲထွက်ကစားခွင့်ရခဲ့သ လို ဂရင်းဝုဒ်ကလည်း လူစားဝင်ခွင့်ရကာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအ ကြိမ် ကစားခွင့်ရခဲ့သည်။

သို့သော်လည်း ၎င်းတို့၏ အပြုအမူကြောင့် နည်းပြဆောက်ဂိတ်က ဒိန်းမတ်နှင့်ပွဲအ တွက် ဆက်လက်မရွေးချယ်တော့ဘဲ အင်္ဂလန်သို့ ပြန်ပို့ခဲ့သလို မန်စီးတီးကလည်း အ သက် ၂၀ အရွယ် ၎င်းတို့ကစားသမား၏ အပြုအမူအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ သည်။

ဖိုဒန်သည် အတူနေချစ်သူ ရေဘက်ကာကွတ်နှင့်အတူ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ရွန်နီဆိုသည့် သားတစ်ဦးထွန်းကားထားရာ ၎င်း၏ သစ္စာမဲ့လုပ်ရပ်က ဝေဖန်စရာဖြစ်ခဲ့သည်။

ယခုအခါ လူစီဂျုံးစ်ဆိုသူ ဗြိတိန်မိတ်ကပ်ပညာရှင် မိန်းမလှလေးတစ်ဦးက ဖိုဒန်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း မိမိကို ဟိုတယ်တွင်တွေ့ဆုံရန် Snapchat မှတစ် ဆင့် မက်ဆေ့ချ်ပို့ခဲ့ပြီး ထိုအချိန်တွင် ၎င်းမှာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ကစားရန် တူရကီသို့ ရောက်ရှိနေချိန်ဖြစ်သည်။

ထို့နောက် အင်္ဂလန်သို့ ပြန်ရောက်ချိန်တွင် အသက် ၂၀ အရွယ် ဖိုဒန်က ချီရှိုင်းယားဒေ သရှိ အီတလီစားသောက်ဆိုင်တစ်ခုသို့ ချိန်းဆိုကာ တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ထို့ကြောင့် အသက် ၂၃ နှစ်အရွယ် လူစီက ဖိုဒန်၏နောက်ကြောင်းကို စုံစမ်းကြည့်ရာ ကလေးအဖေ ဖြစ်နေသည်ကို သိရှိခဲ့သောကြောင့် မတွေ့ဖြစ်သလို ဖိုဒန်၏ အတူနေချစ်သူ ရေဘက်ကာကလည်း လင်ခိုးမအဖြစ် စွပ်စွဲခဲ့သေးသည်။

သို့သော်လည်း ဖိုဒန်က နောက်မဆုတ်ဘဲ တွေ့ဆုံခွင့်ပေးရန်သာ ထပ်မံတောင်းဆိုခဲ့သေးသည်ဟု လူစီက ပြောသည်။

“ဖိုဒန်က ဘယ်လိုလူစားမျိုးလဲဆိုတာ လူတွေသိဖို့လိုတယ်။ မနှစ်ကလည်း အခုလိုပဲ လုပ်ခဲ့ဖူးတယ်။ ကျွန်မကို ဟိုတယ်မှာတွေ့ချင်တယ်လို့ ပြောတယ်။ မစောင့်နိုင်တော့ ဘူးလို့လည်း ပြောတယ်။ ရေဘက်ကာကလည်း ကျွန်မကို စွပ်စွဲတယ်။ ကျွန်မကလည်း စိတ်မပူနဲ့ နင်တစ်ယောက်တည်း ထူးနေတာမဟုတ်ဘူး။ နင့်ယောကျာ်းက တခြား ကောင်မလေးတွေကိုလည်း ဒီလိုလုပ်နေတာပဲ” ဟု ကာလသားအကြိုက် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို ပိုင်ဆိုင်ထားသော လူစီက ဖွင့်ဟသည်။

Ref:TheSun

Facebook Comments Box
Facebook Comment