ဖီရန်ဗာရို့စ်နှင့် ချန်ပီယံလိဂ်ပွဲတွင် နျူးကမ့်သို့ ပရိသတ်များ လာကြည့်နိုင်အောင် ဘာစီလိုနာ လုပ်ဆောင်နေ

ဘာစီလိုနာသည် ဖီရန်ဗာရို့စ်နှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် နျူကမ့်သို့ ပရိသတ်များ လာရောက် ကြည့်နိုင်ရန် မျှော်လင့်နေသည်။ ယူအီးအက်ဖ်အေသည် ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပါက ချန်ပီယိလိဂ်ပွဲများတွင် ကွင်း၏ ပရိသတ်ဆန့်ပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိ ဝင်ကြည့်ခွင့်ပေးထားပြီး ဖြစ်သည်။

ထို့ကြောင့် ဘာစီလိုနာသည် ဟန်ဂေရီကလပ်နှင့် ပွဲစဉ်တွင် နျူးကမ့်သို့ ပရိသတ် ၃၀၀၀၀ လာရောက် ကြည့်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့ရာတွင် ဘာစီလိုနာအနေဖြင့် နျူးကမ့်သို့ ပရိသတ် လာရောက်ကြည့်ခွင့်ရရေးအတွက် ဒေသခံ အာဏာပိုင်တို့၏ ခွင့်ပြုချက် ရရှိရန် လိုအပ်နေသေးသည်။

ဘာစီလိုနာသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မတ်လ ၇ ရက်နေ့ကတည်းက နျူးကမ့်တွင် ပရိသတ်မပါဘဲ ကစားလာခဲ့ရပြီး ကလပ်၏ ဝင်ငွေများစွာကိုလည်း ထိခိုက်စေလျက်ရှိသည်။

ဘာစီလိုနာသည် ဖီရန်ဗာရို့စ်နှင့်ပွဲတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ကြည့်နိုင်ရေးအတွက် ယူအီးအက်ဖ်အေ၊ ကာတာလိုနီးယားကျန်းမာရေးဌာနတို့နှင့် ပူးပေါင်းကာ နှစ်ပတ်တိုင်တိုင် အလုပ်လုပ်ရန် အချိန်ရရှိနေသည်။

Facebook Comments Box
Facebook Comment