ဖိအားများ ကြုံနေရသည့် ဆိုးလ်ရှားအပေါ် အပြည့်အဝ ထောက်ခံကြောင်း ယူနိုက်တက် အကြီးအကဲ ဝုဒ်ဝတ်ပြောကြား

အက်ဒ်ဝုဒ်ဝတ်သည် နည်းပြအိုလီဂန်းနားဆိုးလ်ရှားအား လူသိရှင်ကြား ထောက်ခံအားပေးမှု ပြုလုပ်လာသည်။ နော်ဝေလူမျိုးနည်းပြသည် ရလဒ်ပိုင်း မတည်ငြိမ်မှုကြောင့် ပိုချက်တီနိုနှင့် အစားထိုးခြင်းခံရမည်ဟု သတင်းများ ထွက်ပေါ်နေသူလည်း ဖြစ်သည်။

ဆိုးလ်ရှားသည် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် ပြီးခဲ့သည့် စနေနေ့တုန်းက အဲဗာတန်ကို အဝေးကွင်း၌ ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ယခုအခါ ယူနိုက်တက်အမှုဆောင်ချုပ်က “ကွင်းထဲမှာ ကြီးမားတဲ့ ရလဒ်ဆက်တိုက် ရရှိလာ ရေးအတွက် ကျွန်တော်တို့ အလုပ်အရမ်းကြိုးစားလုပ်နေပါတယ်။ အိုလီရဲ့ လက်အောက်မှာ အသင်းဟာလည်း တိုးတက်နေတယ်လို့ မြင်ပါတယ်။ အိုလီရဲ့လက်အောက်မှာ အသင်းရဲ့လျှောက်လှမ်းနေတဲ့လမ်းကြောင်းအပေါ် ကျွန်တော်တို့ အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။ ပရိသတ်တွေရဲ့ရှေ့မှာ ကစားရတာ သတိရနေပါတယ်။ ပရိသတ်တွေကို ကွင်းထဲသို့ အမြန်ဆုံး ပြန်ဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသွားသည်။

ဆိုးလ်ရှားဦးဆောင်သည့် ယူနိုက်တက်သည် အဲဗာတန်နို်ငပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေး ဇယား အဆင့် ၁၄ နေရာတွင် ရပ်တည်နေသည်။ ၎င်းတို့သည် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးတွင် နိုင်ပွဲ ၃ ပွဲတည်းသာ ရရှိထားသည်။ ယူနိုက်တက်သည် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် ဝက်စ်ဘရွန်း (အိမ်)၊ ဆောက်သမ်တန်(အဝေး)၊ ဝက်စ်ဟမ်း (အဝေး)တို့အား ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment