ဖာနန်ဒက်ဇ်ကိုရဖို့ ချဲလ်ဆီး နီးစပ်နေ

ချဲလ်ဆီးသည် ဘင်ဖီကာကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူရန် နီးစပ်နေပြီဟု ဗြိတိန်သတင်းစာများက ဖော်ပြသည်။

လန်ဒန်ကလပ်သည် ၂၂ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ဖာနန်ဒက်ဇ်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးစဉ်ကတည်းက ကြိုးစားခဲ့ခြင်းဖြစ်သည်။

သို့သော် ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမှုအဆင်မပြေသောကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

ဗြိတိန်ဂျာနယ်လစ် ဂရေမီဘိုင်လီ၏ ပြောကြားချက်အရ ချဲလ်ဆီးသည် ဖာနန်ဒက်ဇ်၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်းထက် ၁၀ သန်းပိုပေးကာ ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူမည်ဟု သိရသည်။

သို့သော်လည်း ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီသည် အဆိုပါ ပေါင် ၁၁၅ သန်းကို တလုံးတခဲတည်း ပေးချေမည်မဟုတ်ဘဲ အရစ်ကျခွဲပေးရန် စီစဉ်ထားသည်။

ဂရေဟမ်ပေါ်တာ၏အသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ တွင်သာ ရပ်တည်နေရသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သော ဖာနန်ဒက်ဇ်က လန်ဒန်သို့ပြောင်းရွှေ့ရေးကိုသာ စိတ်အားထက်သန်နေသည်။

Ref:dailystar

Facebook Comments Box
Facebook Comment