
ပြဿနာမရှိဘူး
အသင်းဖော် ကီလီယန်အမ်ဘာပေနှင့် မည်သည့်ပြဿနာမှမရှိကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောသည်။
၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဖြစ်ပွားခဲ့သော မကျေလည်မှုများ၊ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်၏ အောင်ပွဲခံမှုများက ပြင်သစ်တိုက်စစ်မှူးနှင့် မက်ဆီတို့အကြား မကျေလည်မှုများရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။
အမ်ဘာပေသည် ပွဲချိန်မိနစ် ၉၀ တွင် နှစ်ဂိုး၊ အချိန်ပိုတွင် တဂိုးသွင်းကာ ပင်နယ်တီအဆုံးအဖြတ်ရောက်အောင် ကူညီပေးနိုင်ခဲ့သည်။
သို့သော်လည်း လက်ရှိချန်ပီယံ ပြင်သစ်သည် ပင်နယ်တီ၌အရေးနိမ့်ကာ အာဂျင်တီးနားက ၁၉၈၆ နောက်ပိုင်း ကမ္ဘာ့ဖလားအား ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။
“ကျွန်တော်တို့နှစ်ယောက် ပွဲအကြောင်းပြောခဲ့ကြတယ်။ အဲဒီရက်ပိုင်းအတွင်း အာဂျင်တီးနားကလူတွေ အောင်ပွဲခံခဲ့ကြတယ်။
အဲဒါတွေကကောင်းပေမယ့် အခုတော့ ဘာမှမဟုတ်တော့ပါဘူး။ အခြားတဖက်မှာတော့ ကျွန်တော်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးခဲ့ဖူးပါတယ်။
ဒါကြောင့် ဒီအကြောင်းကို မပြောချင်တော့ပါဘူး။ ဒါပေမဲ့ အမှန်တရားကတော့ ကျွန်တော်နဲ့ ကီလီယန်ကြားမှာ ဘာပြဿနာမှမရှိပါဘူး” ဟု မက်ဆီက ဆိုသည်။
Ref:ole