ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ကြောင့် ဖိအား မခံစားရကြောင်း ဟာဗတ်ဇ်ပြောကြား

ကိုင်ဟာဗတ်ဇ်က ချဲလ်ဆီးက သူ့ကို ခေါ်ယူရန် ပေါင်သန်း၇၀ပေးခဲ့ရမှုအတွက် ဖိအားတစ်စုံတစ်ရာ ခံစားရခြင်းမရှိကြောင်းနှင့် ပရီးမီးယားလိဂ်တွင် ကစားရန် ကာလရှည်ကြာဆန္ဒရှိလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်ရှိ ဂျာမနီလက်ရွေးစင်သည် အပိုဆုကြေးငွေအပါအဝင် ပြောင်းရွှေ့ကြေးပေါင် ၇၁ သန်းဖြင့် ချဲလ်ဆီးသို့ ပြောင်းခဲ့သူဖြစ်ပြီး ချဲလ်ဆီး သမိုင်းတွင် ဒုတိယပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားလည်း ဖြစ်သည်။

သူသည် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့၏ကာလရှည်ကြာပစ်မှတ်ထားခြင်း ခံခဲ့ရသော်လည်း ယင်းကလပ်များမှာ ချဲလ်ဆီး၏ကမ်းလှမ်းမှု မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

ဟာဗတ်ဇ်က “ဈေးနှုန်းကြီးပါတယ်။ ဒါပေမယ့်ဒီကနေဘောလုံးလောကမှာဒီဈေး နှုန်းပေးရတာကဖြစ်ရိုးဖြစ်စဉ်ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုဖိအားမပေးပါဘူး။ ဘောလုံးအတွက်ဘဲ အာရုံစိုက်သွားပါမယ်။ ချဲလ်ဆီးမှာ အကောင်းဆုံးကစားသွားနိုင်ဖို့ ကြိုးစားပါမယ်။ ကိုယ့်ကိုယ်ကိုဖိအားမပေးပါဘူး။ကျွန်တော်ကဘောလုံးချစ်သူပါ။ဒီအတွက်ဘဲ ဒီကို ရောက်လာတာပါ။ ကျွန်တော့်ဘက်ကအကောင်းဆုံးလုပ်သွားပါမယ်”ဟု ပြောကြားသွားသည်။

ဗာဗတ်ဇ်သည် လေဗာကူဆင်တွင် ကစားစဉ်က ကလပ်သမိုင်းတွင် အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို လေဗာကူဆင်အတွက် ဘွန်ဒက်စ်လီဂါပွဲ၁၀၀ပြည့်ကစားသည့် အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်သည်။

ထို့အပြင် ဟာဗတ်ဇ်က ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်၏ပွဲများကို များစွာကြည့်ခဲ့ကြောင်းနှင့် လမ်းပတ်ကြောင့်သာလျှင် စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment