ပြီးပြည့်စုံသည့် ကွင်းလယ်လူတစ်ဦးကို ဆုံးရှုံးရဖွယ်ရှိဟု ကလော့ပ် ဝန်ခံ

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ကွင်းလယ်တွင် နေရာစုံကစားနိုင်သလို အမြင့်ဘောများအား ရှင်းထုတ် နိုင်သော ပြီးပြည့်စုံသည့် ကွင်းလယ်ကစားသမားတစ်ဦးကို ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် လက်လွှတ် ဆုံးရှုံးရဖွယ် ရှိနေသည်ဟု ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ချန်ပီယံ ကလော့ပ်က ကစားသမား၏အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဘာစီလို နာသို့ပြောင်းရွှေ့ရန် သဘောတူညီမှု ရယူထားပြီးဖြစ်သည်ဟု သတင်းထွက်နေသော နယ်သာလန်ကွင်းလယ်လူ ဝိုင် နယ်ဒမ် ဖြစ်ဖွယ်ရှိသည်။

စပိန်မီဒီယာများက ဘာစီလိုနာသည် အသက် ၂၉ နှစ်အရွယ် ဝိုင်နယ်ဒမ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူ ထားပြီး မာဆေးဆိုက်အခြေစိုက်ကလပ်နှင့် ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးလျက်ရှိကာ ပေါင် ၁၃ သန်းမှ ၁၈ သန်းကြားဖြင့် ခေါ်ယူဖွယ်ရှိသည်ဟု ဖော်ပြသည်။

၂၀၁၆ တွင် နယူးကာဆယ်မှ ပေါင် ၂၃ ဖြင့် ပြောင်းရွှေ့လာသော ဝိုင်နယ်ဒမ်သည် လီဗာပူးလ်ကွင်းလယ်၏ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၄ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၈၇ ပွဲကစားကာ ၁၉ ဂိုး သွင်းယူထားသည်။

၎င်းသည် လီဗာပူးလ်နှင့် ၁ နှစ်စာချုပ် ကျန်နေသေးသော်လည်း လက်ရွေးစင်အသင်းတွင် လက်တွဲဖူးသော ဘာစီ လိုနာနည်းပြသစ် ရော်နယ်ကိုးမန်းနှင့် ပြန်လည်ပေါင်းစည်းရန် နူးကမ့်အခြေစိုက်ကလပ်သို့ မကြာခင် ပြောင်းရွှေ့ ဖွယ်ရှိနေသည်။

ကလော့ပ်က “သူက ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားလားလို့ မေးလာရင် ဟုတ်တယ်လို့ပဲ ဖြေရလိမ့်မယ်။ ကျွမ်းကျင်မှုက ၁၀၀ ရာခိုင်နှုန်းအပြည့်ပဲ။ သူက ခင်ဗျားလိုအပ်တာတွေကို အကုန်ဖြည့်ဆည်းပေးနိုင်တယ်။ သူက အရပ်တော့ သိပ်မရှည်ပါဘူး။ ဒါပေမဲ့ လေထဲမှာ ကစားပုံကတော့ အရမ်းကောင်းတယ်” ဟု ပြောသည်။

လီဗာပူးလ်သည် ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင်ရန် နီးစပ် နေပြီး အဆိုပါ စပိန်ကစားသမားကြောင့် ဝိုင်နယ်ဒမ်သည် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:allfootball

Facebook Comments Box
Facebook Comment